လက်လွှတ်သင့်တဲ့အရာတွေကို လွှတ်ပြီး ဘဝကိုရှေ့ဆက်လျှောက်ပါ …

အရာတစ်ခုကို လွယ်လွယ်လေးလက်လွှတ်လိုက်ပြီး ဘဝကိုရှေ့ဆက်လျှောက်လိုက်ချင်တယ်လို့ ဆုတောင်းဖူးလား ? ဘဝမှာ မထင်မှတ်ထားတဲ့လူတွေနဲ့ဆုံမိပြီး မသိမသာ သံယောဇဉ်တွေတွယ်မိသွားတဲ့အခါ လက်လွှတ်ဖို့ခက်လာပါတယ်။ အပြောကတော့လွယ်ပေမယ့် တကယ်တမ်းလိုက်လုပ်ဖို့ကြတော့ခက်ပါတယ်။

အဖြစ်ပျက်တွေအဆုံးသတ်သွားတဲ့အခါ ဝမ်းနည်းဖို့ကောင်းတယ်။ ဒါပေမယ့်လည်း ဘဝမှာအံ့သြစရာကောင်းတဲ့အရာတွေရှိနေပြန်တယ်။ တံခါးတစ်ချပ်ပိတ်သွားရင် နောက်တစ်ချပ်ကပြန်ပွင့်လာစမြဲပါပဲ။ ကျရှုံးခြင်းတွေ၊ ပစ်ပယ်ခံရခြင်းတွေ ဘဝမှာတစ်ခါတော့ကြုံတွေ့ရမှာပါ။
ဒါပေမယ့် တစ်ဖက်မှာ အခွင့်ရေးတွေက သင့်ကိုစောင့်မျှော်နေမယ်ဆိုတာမမေ့ပါနဲ့။

လက်လွှတ်လိုက်ပြီး ရှေ့ဆက်သွားဖို့က မလွယ်ကူပါဘူး။ အထူးသဖြင့် ကိုယ်သိပ်ချစ်ရတဲ့ လူတစ်ယောက်လက်လွှတ်ရတဲ့အခါမျိုးပေါ့။ ဘဝမှာတစ်ခါတစ်လေ အချစ်က အရေးမပါဘူးဆိုတာ စာဖတ်သူတို့လည်း သိသင့်သလောက်သိမှာပါ။ သူငယ်ချင်း ၊ မိသားစု ၊မွေးရပ်မြေကို စွန့်ခွာပြီး ကိုယ့်ဘဝကိုယ် ရှေ့ဆက်လျှောက်ချင်တဲ့အတွေးမျိုးတွေ လူတိုင်းမှာရှိလောက်ပါတယ်။ တစ်စုံတစ်ယောက်ဆီမှာ ချည်နှောင်ထားမိတဲ့ ကိုယ့်ရဲ့စိတ်တွေကို လျှော့ဖြည်လိုက်ပြီး လိုရာပန်းတိုင်ဆီကို ဆက်
လျှောက်လိုက်ပါ။

လက်လွှတ်လိုက်ပြီးနောက် ဘာတွေထူးခြားလာမှာလဲ ?သင့်အနေနဲ့ လွတ်လပ်သွားသလိုခံစားရပြီး အသစ်ကိုပြန်စတင်ရသလို စိတ်တွေပေါ့ပါးနေပါလိမ့်မယ်။ သင့်ဘဝရဲ့ အလင်းရောင်တန်းလေးတွေ စမြင်လာလိမ့်မယ်။ လူသစ်တွေနဲ့ရင်းနှီးပြီး ပိုမိုပျော်ရွှင်လာမယ်။ သင့်ဘဝရဲ့အပျော်ဆုံးအချိန်တွေကို ဓာတ်ပုံနဲ့မှတ်တမ်းတင်ထားပါ။

အတိတ်ကအရာအားလုံးကိုမေ့လိုက်ပါ… ကိုယ့်ရဲ့ဆိုရှယ်မီဒီယာက အတိတ်တွေကို ဖြတ်တောက်ပစ်ပါ။ လက်လွှတ်ရတာ သင့်အတွက် အရမ်းပင်ပန်းနေရင် ဖြည်းဖြည်းချင်းစီ အချိန်ယူပါ။ အချိန်က အကောင်းဆုံး ဆေးတစ်ခုဆိုတာလည်း မမေ့နဲ့။

အလုပ်ရှုပ်နေပါစေ. အလုပ်တွေ အရမ်းများရင် မကောင်းတဲ့အတွေးတွေ တွေးဖို့အချိန်မရှိဘူးလေ။ နောက်ပြီး ကိုယ့်ပတ်ဝန်းကျင်မှာ အကြံဥာဏ်ကောင်းပေးနိုင်တဲ့သူ၊ အဆိုးမြင်ဝါဒမရှိသူတွေနဲ့ ဝန်းရံနေပါစေ။ ပတ်ဝန်းကျင်ကလည်း လူတစ်ယောက်ရဲ့အကျင့်စရိုက်ကို ပြောင်းလဲနိုင်
ပါတယ်။ ဒီလူတွေနဲ့ရှိနေရင် သင်ဟာအနည်းဆုံးတော့ စိတ်ချမ်းသာရပါလိမ့်မယ်။

နောက်ဆုံးအနေနဲ့ ခွင့်လွှတ်နိုင်အောင် ကြိုးစားပါ။ ခွင့်လွှတ်ခြင်းက သင့်အပေါ်မတရားလူသူအပေါ် အညံ့ခံတာမဟုတ်ဘူးနော်။ ကိုယ်ပိုင်စိတ်ချမ်းသာမှုအတွက် ခွှင့်လွှတ်ခိုင်းတာပါ။ သူငါ့အပေါ်ဒီလိုလုပ်ရက်တယ်ဆိုပြီး စိတ်ဆိုးနေရတာ တစ်ကိုယ်တည်း သိပ်ပူလောင်ပါတယ်။ ခွင့်လွှတ်လိုက်ပါ..။ သူ့အကုသိုလ်နဲ့ သူပြီးပါစေနော်။ ကိုယ့်ကို တိုက်ခိုက်လေ ဘာမှမဖြစ်သလို အပြုံးမပျက်နေပြခြင်းက အကောင်းဆုံးလက်နက်တစ်ခုပါပဲ။ ပျော်ရွှင်ပါစေ !

1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.