ပျားရည်ဟာအလှအပအတွက်အများကြီးအသုံးဝင်တယ်ဆိုတာကြားဖူးကြမှာပါ။ အလှအပအတွက်သာမက ပျားရည်ဟာ ကျန်းမာရေးအတွက်လည်းကောင်းမွန်စေပါတယ်။ နေ့တိုင်းပျားရည်တစ်ဇွန်းစားပေးရင် သင့်ခန္ဓာကိုယ်က အံ့သြဖွယ်ကောင်းလောက်အောင် ပြောင်းလဲလာပါလိမ့်မယ်။ဘာတွေပြောင်းလဲလာမလဲဆိုတော့…
၁။အသားအရည်ကြည်လင်လာမယ်
ပျားရည်မှာပါဝင်တဲ့ဓာတ်ပစ္စည်းတစ်မျိုးဟာသင့်ရဲ့ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ၊ ဘတ်တီးရီးယားတွေကိုဖယ်ရှားပေးလို့ နေ့တိုင်းပုံမှန်စားပေးရင်အဆိပ်အတောက်ကင်းစင်ပြီး အသား အရည်ကြည်လင်လာပါလိမ်မ့ယ်။
၂။ကိုယ်အလေးချိန်ကျလာမယ်
သင့်ရဲ့ကိုယ်အလေးချိန်ကို တိုင်းထားပြီးပျားရည်ကိုတစ်နေ့တစ်ဇွန်းစားကြည့်ပေးပါ။ သကြားမဟုတ်တဲ့အချိုဖြစ်လို့သင့်ရဲ့ ကိုယ်အလေးချိန်ကို လျှော့ချပေးပါတယ်။ ပျားရည်က သင့်ခန္ဓာကိုယ်တွင်းကဇီဝဖြစ်စဉ်ကိုမြှင့်တင်ပေးလို့ ကိုယ်အလေးချိန်လျှော့ချရာမှာ အကူအညီပေးနိုင်ပါတယ်။
၃။ကိုလက်စထရောကိုပုံမှန်ဖြစ်စေတယ်
အစားအသောက်မျိုးစုံမှာပါဝင်တဲ့ကိုလက်စထရောတွေကခန္ဓာကိုယ်တွင်းကိုဝင်ရောက်သွားပေမဲ့ ပျားရည်စားပေးတဲ့အခါမှာမကောင်းတဲ့ကိုလက်စထရောတွေကိုလျှော့ချပေးနိုင်ပါတယ်။ခန္ဓာကိုယ်မှာလိုအပ်တဲ့ ကိုလက်စထရောဓာတ်ကိုထိန်းထားပေးတဲ့အတွက် ကိုလက်စထရောကြောင့်ဖြစ်လာမယ့်ဆိုးကျိုးတွေအတွက်စိတ်ပူစရာလိုတော့ပါဘူး။
၎။နှလုံးအားကောင်းစေတယ်
လေ့လာချက်တွေအရ ပျားရည်ဟာ နှလုံးသွေးကြောကျဉ်းရောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်တယ် လို့တွေ့ရှိခဲ့ရပါတယ်။ပျားရည်လက်ဖက်ရည်ဇွန်းအပြည့်တစ်ဇွန်းကိုရေတစ်ဖန်ခွက်နဲ့ ရောသောက်ပေးရင်နှလုံးကိုအားကောင်းစေပါတယ်။
၅။မှတ်ဥာဏ်ပိုကောင်းစေတယ်
ပျားရည်ဟာစိတ်ဖိစီးမှုတွေကိုလျှော့ချပေးတဲ့အတွက် ဦးနှောက်ကိုကြည်လင်စေပါတယ်။အဲ့ဒါအပြင် ပျားရည်ကဦးနှောက်ကျန်းမာရေးအတွက်ကောင်းမွန်စေလို့ မှတ်ဥာဏ်လည်း ပိုကောင်းလာစေပါတယ်။
၆။ညအိပ်ပျော်စေတယ်
ညဘက်တွေတော်တော်နဲ့အိပ်မပျော်ဘူးဆိုရင်ပျားရည်တစ်ဇွန်းပုံမှန်စားကြည့်ပါ။ပျားရည်မှာပါဝင်တဲ့အချိုဓာတ်ဟာ သင့်ကိုနှစ်ခြိုက်စွာအိပ်ပျော်ဖို့အကူအညီပေးနိုင်ပါတယ်။
၇။အစာအိမ်ကိုကောင်းမွန်စေတယ်
ပျားရည်ကိုတစ်နေ့တစ်ဇွန်းပုံမှန်စားပေးရင် အစာခြေစနစ်ကောင်းမွန်စေပြီး ခန္ဓာကိုယ်အတွင်းထဲက ရောဂါပိုးတွေနဲ့သေးငယ်တဲ့ပိုးမွှားတွေကိုသေစေနိုင်ပါတယ်။