မိတ်ကပ်ပစ္စည်းတွေ အတုအစစ်ခွဲခြားနိုင်မယ့်နည်းလမ်း ၆ခု

နာမည်ကြီးကုန်အမှတ်တံဆိပ်တွေမျိုးစုံကိုလိုက်ပြီးတုပကြတဲ့ကုန်အမှတ်တံဆိပ်တွေလည်း ရှိကြပါတယ်။ဈေးနှုန်းချင်းလည်းတူညီနေရင်တောင် အတုတွေမိကြတဲ့သူတွေလည်းရှိပါတယ်။ တံဆိပ်တူပေမဲ့ ပစ္စည်းကွာလတီမကောင်းရင်ကိုယ့်ရဲ့အသားအရည်ပဲထိခိုက်ပျက်စီးမှာပါ။ တကယ့်ဘရန်းဒ်အစစ်ကိုလိုချင်တဲ့သူတွေအတွက် အတုတွေမမိအောင် ဒီနည်းလမ်းလေးတွေ သုံးပြီးဝယ်ယူနိုင်ပါတယ်။

၁။မိတ်ကပ်ပစ္စည်းသီးသန့်ရောင်းတဲ့ဆိုင်မှာဝယ်ပါ

မိတ်ကပ်ပစ္စည်းဝယ်ယူတော့မယ်ဆိုရင် ပစ္စည်းမျိုးစုံရောင်းချတဲ့ဆိုင်ကအလှကုန်ပစ္စည်းတွေကို မ၀ယ်ယူပါနဲ့။တကယ့်ဘရန်းဒ်အစစ်တွေကဈေးလည်းမသက်သာပါဘူး။အဲ့ဒါကြောင့်မိတ်ကပ် ပစ္စည်းအစစ်ကိုဝယ်ယူချင်တယ်ဆိုရင် မိတ်ကပ်ပစ္စည်းသီးသန့်ရောင်းချတဲ့ဆိုင်မှာ ၀ယ်ယူသင့်ပါတယ်။

၂။ထုတ်ပိုးမှုပုံစံကိုကြည့်ပါ

ဘယ်လောက်ပဲအစစ်အတိုင်းလိုက်လုပ်လုပ် အထဲကကွာလတီလည်းမတူညီနိုင်သလို ထုတ်ပိုးမှုကလည်းမတူညီနိုင်ပါဘူး။ဘရန်းဒ်အစစ်ရဲ့ ပုံ၊သတင်းကိုအင်တာနက်၊ဂူဂယ်လ် ကနေရှာကြည့်သွားပါ။ အနည်းဆုံးတော့ထုတ်ပိုးမှုပုံစံမှာတစ်ခုခုလွဲချော်နေ တာကိုမြင်တွေ့ရပါလိမ့်မယ်။

၃။ဘားကုဒ်၊နံပါတ်၊ထုတ်လုပ်တဲ့ပုံစံအချက်အလက်စစ်ပါ

ပစ္စည်းအတုတွေမှာ ဘားကုဒ်ပါဝင်ခဲ့ရင် ပထမဆုံးနံပါတ် ၂လုံး ၊၃လုံးဟာထုတ်လုပ်တဲ့နိုင်ငံရဲ့ ဘားကုဒ်နဲ့မတူညီနိုင်ပါဘူး။ထုတ်လုပ်တဲ့ပုံစံအချက်အလက်ပါရင်တောင် အနည်းအကျဉ်းပဲပါဝင်ပါ လိမ့်မယ်။ထုတ်ပိုးမှုပုံစံအနည်းငယ်လွဲချော်နေရင်တောင် အဲ့ဒီပစ္စည်းကအစစ်မဟုတ်နိုင်ပါဘူး။

၎။ပစ္စည်းအရည်အသွေးကိုစစ်ကြည့်ပါ

မိတ်ကပ်၊အိုင်းရှဲဒိုး၊နှုတ်ခမ်းနီကို ဘရန်းဒ်အစစ်မှလိုချင်တဲ့သူတွေအတွက် ၀က်ဘ်ဆိုက်တွေ ကနေသေချာအချက် အလက်တွေကြည့်သွားပြီးအရောင်အစစ်အမှန်၊ပစ္စည်းအစစ်အမှန် ကိုတိုက်ကြည့်ပြီးရွေးချယ်ဖို့လိုအပ်ပါတယ်။

၅။ဘရပ်ခ်ျနဲ့ဖော့တွေကိုစစ်ဆေးကြည့်ပါ

ထုတ်ပိုးမှုပုံစံကတူနေရင်တောင် အပြင်ကိုထုတ်ကြည့်လို့ရရင်ကြည့်ပါ။ပစ္စည်းအတုဆိုရင် အရွယ်အစား၊ပုံစံ၊အရောင်အနည်းငယ်ကွဲလွဲနေတာကိုမြင်တွေ့ရပါလိမ့်မယ်။

၆။မ၀ယ်ခင်စမ်းသပ်ကြည့်ပါ။

မိတ်ကပ်ပစ္စည်းတွေဝယ်မယ်ဆိုရင်အရင်ဆုံးစမ်းသပ်ကြည့်ဖို့လိုပါတယ်။ ဘရန်းဒ်အစစ် အိုင်းရှဲဒိုးတွေ၊ပါးနီတွေဟာကပ်စေးစေးဖြစ်မနေပါဘူး။တစ်နေ့လုံးသွားလာနေလည်း အရောင်ကမှိန်မသွားပါဘူး။နှုတ်ခမ်းနီကလည်း ချောမွေ့နေပြီးသက်တောင့်သက်သာနှုတ်ခမ်းနဲ့ တပြေးတည်းဖြစ်နေပါလိမ့်မယ်။ဘရန်းဒ်အစစ်မက်စ်ကာရာက ဘေးကိုပြန့်တာ၊ အမှုန်တွေကျတာတွေမဖြစ်စေပါဘူး။

Source:Bright side

309 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.