တရုတ်အနောက်တောင်ပိုင်းမှာ ထိုအဆောက်အုံတည်ရှိပြီး ဒီဇိုင်းပိုင်းဖန်တီးတဲ့လူအလွန်တော်တယ်လို့ပြောရပါမယ်။ အဝေးကလှမ်းကြည့်ရင် ကြီးမားတဲ့ စာအုပ်စင်ကြီးလို့ထင်အောင် သဘာဝကျကျဆောက်လုပ်ထားတဲ့အရည်ချင်းဟာ ချီးကျုးစရာပါပဲ။
နံရံတစ်ဖက် စာအုပ်စင်မှာ စာအုပ်ပေါင်း ၆ဝကျော်ရှိပါတယ်။စာအုပ်တစ်အုပ်ချင်းစီဟာ ၂မီတာရှည်ပြီး ဝတ္ထုစာအုပ်ကြီးတွေဖြစ်တဲ့ Jane Eyre, Romeo and Juliet, The Great Gatsby တို့ပါဝင်ပါတယ်။ တကယ်တော့ထိုစာအုပ်တွေက ပန်းချီနဲ့ရေးဆွဲထားတာဖြစ်ပါတယ်။
ထိုအဆောက်အုံက လူအလာများတဲ့နေရာမှာတည်ဆောက်ထားတာကြောင့် ဒေသခံတွေကတော့ ထို၈လွှာအဆောက်အုံဟာ ခရီးသည်တွေကို ဆွဲဆောင်ဖို့အတွက် ဖန်တီးထားတယ်လို့ ပြောကြပါတယ်။
Source:CGTN
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။