ကမ္ဘာ့အလှဆုံးကလေးငယ် ၁၀ယောက်ကို သင်မြင်ဖူးပြီးသွားပြီလား?

လူတိုင်းမှာအလှတရားကိုယ်စီရှိကြပါတယ်။ဒါပေမဲ့သာမန်ထက်ပိုပြီးထူးထူးခြားခြားပေါ်လွင်နေတဲ့အလှတရားကိုပိုင်ဆိုင်ထားတဲ့ကလေးငယ်တွေရှိတယ်ဆိုတာရောသင်သိပါသလား? သူတို့ကတော့…

၁။Anastasia Knyazeva

ရုရှားနိုင်ငံက အသက် ၆နှစ်အရွယ်ကလေးမလေးကို ကမ္ဘာပေါ်မှာအလှဆုံးကလေးမလေးအဖြစ် နိုင်ငံသားတွေက သတ်မှတ်ပေးခဲ့ကြပါတယ်။မွေးဖွားစဉ်ကတည်းက သူမရဲ့ လှပတဲ့မျက်လုံး အရောင်ဟာထူးခြားလှပနေတာကိုသတိထားမိခဲ့တာပါလို့သူမရဲ့ အမေက မီဒီယာတစ်ခု ကိုပြောပြခဲ့ပါတယ်။အခုဆိုရင်ကလေးအ၀တ်အစားလေးတွေကိုကြော်ပြာရိုက်ကူးပေးထားလို့ မြို့တော်တော်များများမှာသူမရဲ့ ပုံနဲ့ကြော်ပြာဆိုင်းဘုတ်တွေမြင်တွေ့နေရပါပြီ။

၂။Anna Pavaga

ရုရှားနိုင်ငံက အလှနတ်သမီးတွေထွက်ပေါ်တဲ့နိုင်ငံများလား?ဒီကလေးမလေးကလည်း ရုရှားနိုင်ငံက ၈နှစ်သမီးလေးဖြစ်ပါတယ်။အသက် ၃နှစ်အရွယ်တည်းက ကြော်ငြာတွေရိုက်ကူးဖို့ကမ်းလှမ်းခံထားရသူဖြစ်ပါတယ်။Band Marsel ရိုက်ကူးတဲ့ Nastroenie Osen ဆိုတဲ့ဗီဒီယိုထဲမှာလည်းပါဝင်သရုပ်ဆောင်ထားတယ်လို့သိရပါတယ်။

၃။Lauren Lunde

သူမကတော့ တောင်ကိုရီးယားမေမေနဲ့ကနေဒီယန်ဖေဖေတို့ရဲ့သမီးလေးပဲဖြစ်ပါတယ်။သူမဟာ အသက် ၉နှစ်ရှိနေပြီဖြစ်ပြီး ကလေးအ၀တ်အစားတံဆိပ်တွေဖြစ်တဲ့ Aura Kids ၊ MiniZaru ၊MiniMe တို့နဲ့အတူအလုပ်တွဲလုပ်နေတယ်လို့သိရပါတယ်။

၎။Haileigh Vasquez

ယူအက်စ်အေက အသက် ၈နှစ်အရွယ်ကလေးမလေးပါ။သူမရဲ့ အိပ်မက်က နာမည်ကျော်ဒီဇိုင်နာ တစ်ယောက်ဖြစ်ဖို့ပါတဲ့။သူမရဲ့ အိပ်မက်တွေကလည်းတကယ်ဖြစ်လာခဲ့ပါတယ်။ အငယ်ဆုံးဒီဇိုင်နာတစ်ယောက်အဖြစ် ကျောင်းဝင်ခွင့်ရခဲ့ပြီး ၂၀၁၇ အတွက်အငယ်ဆုံးကျောင်းသူ တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ဖက်ရှင်ရှိုးတွေအပြင်သရုပ်ဆောင်ပိုင်းကိုပါကြိုးစားနေတယ် လို့လည်းသိရပါတယ်။

၅။William Franklyn Miller

သြစတေးလျနိုင်ငံက အသက် ၁၃နှစ်အရွယ်ကောင်လေးက သူ့ရဲ့ မျက်လုံးပြာပြာလေးတွေကြောင့် အင်စတာဂရမ်မှာ လူအများနှစ်သက်သဘောကျနေတာခံရတဲ့ ကလေးငယ်တစ်ယောက်ပါ။ အခုဆိုရင်ကြော်ငြာတွေရိုက်ကူးနေပြီးရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့ကြိုးစားနေတယ်လို့သိရပါတယ်။

၆။Jordyn Reinle

သူမကတော့ ယူအက်စ်အေက ဖက်ရှင်မော်ဒယ်ကလေးမလေးတစ်ယောက်ဖြစ်ပါတယ်။ အမေရိကန်ဘရန်းဒ်တွေဖြစ်တဲ့ Simplicity Patterns ၊ The Children’s Place ၊Kidpik တို့နဲ့လည်း အလုပ်အတူတွဲလုပ်နေတယ်လို့သိရပါတယ်။သူမရဲ့ အင်စတာဂရမ်မှာလည်းဖောလိုးဝါး သန်းနဲ့ချီရှိတာကိုမြင်တွေ့ရပါတယ်။

၇။Laneya Grace

ယူအက်စ်အေက အသက် ၁၃နှစ်အရွယ်ကလေးမလေးရဲ့ ပုံရိပ်တွေပါ။သူမအသက် ၃နှစ်အရွယ်တည်းကအမေဖြစ်သူက မော်ဒယ်အေဂျင်စီကိုပို့ပေးခဲ့တာပါ။ ဓာတ်ပုံဆရာတွေကလည်းသူမရဲ့ လှပတဲ့အစိမ်းရောင်မျက်ဝန်းတွေကြောင့် စိတ်လှုပ်ရှားခဲ့ရပါတယ်။နာမည်ကျော်ဓာတ်ပုံဆရာတွေနဲ့အတူအလုပ်တွဲလုပ်သလို ရုပ်ရှင်ကုမ္ပဏီတွေနဲ့လည်းစာချုပ်ချုပ်ဆိုထားတယ်လို့သိရပါတယ်။

၈။Colinနဲ့ Kameron Scott

ယူအက်စ်အေက မော်ဒယ်အမြွာညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ Colin နဲ့ Kameron Scott တို့ဟာလည်း ကယ်လီဖိုးနီးယားမော်ဒယ်အေဂျင်စီနဲ့စာချုပ်ချုပ်ဆိုထားတယ်လို့သိရပါတယ်။

၉။Tallia Burk

ယူအက်စ်အေက နာမည်ကျော်ပြင်သစ်မော်ဒယ်မလေးဖြစ်ပါတယ်။ရုရှားသူလေး Anastasia Knyazevaကိုမတွေ့ခင်ကသူမကို ကမ္ဘာ့အလှဆုံးမိန်းကလေးလို့သတ်မှတ်ထားခဲ့ကြတာပါ။ သူမက အမေရိကန်သူဖြစ်သော်လည်း သူမရဲ့ မျက်နှာလေးကပြင်သစ်တစ်ယောက်လိုဖြစ်နေတာ ကိုမြင်တွေ့ရပါတယ်။အသက်ငယ်ပေမဲ့လည်း နာမည်ကျော်ဖက်ရှင်တွေဖြစ်တဲ့ Ralph Lauren Oscar De  la Renta တို့နဲ့ပူးပေါင်းဆောင်ရွက်နေတဲ့ကလေးမလေးတစ်ယောက်ပါ။

၁၀။Anastasia Averbukh

အစ္စရေးသူလေး Anastasia ကို အစ္စရေးမှာအလှဆုံးကလေးမလေးအဖြစ်သတ်မှတ်ထားပါတယ်။ နာမည်ကျော်အစ္စရေးဘရန်းဒ်တွေမှာလည်းကလေးအ၀တ်အစားတွေကိုကြော်ငြာရိုက်ကူးပေးနေတဲ့အသက် ၇နှစ်အရွယ်ကလေးမလေးတစ်ယောက်ဖြစ်ပါတယ်။

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.