သူမရဲ့ပြားနေတဲ့ရင်ဘတ်နဲ့ပတ်သတ်ပြီးဝေဖန်မှုတွေအပေါ် တုံ့ပြန်လိုက်တဲ့ ကေပေါ့ပ်စတား Amber Liu

ပြီးခဲ့တဲ့ရက်ပိုင်းက K – pop group f(x) ပ အဓိကrapper အဆိုတော် Amber Liu နဲ့ပတ်သတ်ပြီး မကောင်းတဲ့ဝေဖန်မှုတွေအများကြီးတက်လာပါတယ်။ မိန်းကလေးအဖွဲ့ထဲမှာ ယောက်ျားလေးပုံစံဆိုလို့ သူမတစ်ယောက်တည်းရှိတာကြောင့် သူမကိုသဘောမကျတဲ့ fans တွေက အနုတ်သဘောဆောင်တဲ့ဝေဖန်ချက်တွေကို ပေးခဲ့ပါတယ်။ သူမရဲ့ပြားနေတဲ့ရင်ဘတ်နဲ့ လက်က တက်တူးတွေနဲ့ပတ်သတ်ပြီး အဓိကဝေဖန်ခဲ့တာပါ။ Liu ကလည်း သူမကိုမုန်းတီးသူတွေရဲ့ဝေဖန်ချက်ကို ပြန်လည်တုံ့ပြန်ဖို့ ရယ်စရာ Youtube ဗီဒီယိုတစ်ခုကို ရိုက်ကူးခဲ့ပါတယ်။

” ဒီလိုထောင်ပေါင်းစွာသော ကွန့်မန်တွေကို ကျွန်မဖတ်ခဲ့ဖူးပါတယ်.. ဒါပေမယ့် ကျွန်မအတွက်တော့ မလွယ်ခဲ့ဘူး ” လို့ BBC News ကို Liu ကပြောခဲ့တယ်။

K -pop စတားတွေအတွက် သူတို့ရဲ့အပြင်ဆင်နဲ့ပတ်သတ်ပြီး ဝေဖန်ခံရတာတွေဟာ သိပ်မစိမ်းတော့ပါဘူး။ ဒီအနုပညာလောကိုဝင်လာမှမဟုတ်ဘူး… ကျောင်းတက်တည်းက ဝေဖန်မှုတွေကို သူမခံခဲ့ရတာပါပဲ။ သူမတို့အဖွဲ့ထဲမှာ ယောက်ျားလေးပုံစံ၊ တက်တူးနဲ့သူမတစ်ယောက်တည်း ထူးခြားနေတာမို့ မကြိုက်တဲ့ပရိသတ်တွေက အပြင်းထန် ဝေဖန်ကြတယ်။

ဗီဒီယိုထဲမှာ သူမကိုဝေဖန်ထားတဲ့ ကွန်မန့်တွေကို အော်ဖတ်ပြီး တစ်ခုချင်းစီကို ပညာသားပါပါပြန်တုံ့ပြန်သွားတာ လေးစားစရာပါပဲ။ ” ကျွန်မပရိသတ်တွေအကြိုက်လိုက်နေဖို့ ကြိုးစားခဲ့ဖူးပါတယ်…
ကြိုးစားလေ ပိုပြီး စိတ်မသက်မသာဖြစ်လေပါပဲ။ ပိုပြီး ယုံကြည်ချက်မဲ့လာတယ်” လို့ Liu ကပြောခဲ့တယ်။ သူမရဲ့ဗီဒီယိုကို ဖော်ပြပေးလိုက်ပါတယ်။

2K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.