နယူးဂျာဆီ၊ မက္ကဆီကိုနဲ့ တောင်ကိုရီးယားယား ဂရင်းပရီပြိုင်ပွဲများ ၂၀၁၄တွင် မပါဝင်တော့

902793-15069338-640-360-1.jpg

ပြီးခဲ့တဲ့ ဗုဒဟူးနေ့က ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ ပြုလုပ်ခဲ့တဲ့ FIA World Mortor Sports Concil  ရဲ့ အတည်ပြချက်အရဆိုရင် လာမယ့် ၂၀၁၄ခုနှစ် ဖော်မြူလာဝမ်းကားမောင်းပြိုင်ပွဲမှ ယခင်လိုနိုင်ငံပေါင်း (၂၂)နိုင်ငံမှာ ဂရင်း(၂၂)ပွဲမလုပ်ဖြစ်တော့ဘဲ (၃)နိုင်ငံကို လျော့လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ လျော့ ချလိုက်တဲ့ ဂရင်းပရီများကတော့  အမေရိကန်နိုင်ငံ(နယူးဂျာဆီ)၊ မက္ကဆီကို (မက္ကဆီကိုစီးတီး)၊ တောင်ကိုရီးယားပြိုင်ပွဲများပဲဖြစ်ပါတယ်။ အမေရိကန် နိုင်ငံ၊ နယူးယော့ခ်မြို့မှာ ၂၀၁၅ဆိုရင် ကားမောင်း ပြိုင်ပွဲသစ်တစ်ရပ်ပေါ်ထွက်လာတော့မှာဖြစ်ခြင်းကြောင့် အခုလို ၂၀၁၄ပြိုင်ပွဲကနေ ပယ်ဖျက်လိုက်ခြင်းဖြစ် ကာ မက္ကဆီကိုနိုင်ငံမှာတော့ ပြိုင်ပွဲအတွက် ပြေးလမ်းများပြင်ဆင်မှု အချိန်မမီနိုင်ဘူးလို့ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး တောင်ကိုရီးယားမှာတော့ လူကြည့်နည်းလွန်းတဲ့အတွက် စီးပွားရေအရ ဘယ်လိုမှတွက်ခြေမကိုက်တဲ့အ တွက် ဖြစ်ကြောင်း ကောင်စီအစည်းအဝေးမှာ အတည်ပြုခဲ့ကြပါတယ်။

၂၀၁၃ ဖော်မြူလာဝမ်းကားမောင်းပြိုင်ပွဲကို မတ်လလယ်ကနေ စတင်ခဲ့ပြီး နိုဝင်ဘာလကုန်ကာနီးမှာ အဆုံး သတ်ခဲ့ကြပေမယ့် လာမယ့်၂၀၁၄မှာတော့ ဒီထက်ပိုစောပြီး ပြီးစီးသွားမယ့်အခြေအနေရှိနေပါပြီ။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.