အဆီကျပြီးကျစ်လစ်လှပစေတဲ့လက်မောင်းသားတွေပိုင်ဆိုင်နိုင်မယ့် လေ့ကျင့်ခန်း၅ခု

အဆီကျပြီးကျစ်လစ်လှပတဲ့လက်မောင်းသားလေးတွေမရချင်တဲ့မိန်းကလေးတွေတော့ မရှိပါဘူးနော်။ ခန္ဓာကိုယ်ကပြောစရာမလိုအောင်လှပပြီး လက်မောင်းသားအနည်းငယ်ကြီးနေတဲ့ မိန်းကလေးတွေအတွက်ဒီလိုလေ့ကျင့်ခန်းလေးတွေက လက်မောင်းကို အဆီကျစေပြီးကျစ်လစ် လှပစေတယ် လို့ပြောပြချင်ပါတယ်။အစားအသောက်ကိုကျန်းမာရေးနဲ့ညီညွတ်အောင်စားပြီး လေ့ကျင့်ခန်းလုပ်ပေးမယ်ဆိုရင်အဆီကျလှပတဲ့လက်မောင်းလေးတွေပိုင်ဆိုင်နိုင်မှုာပဲဖြစ်ပါတယ်။အဆီကျစေမယ့်လေ့ကျင့်ခန်းတွေကဘာတွေလဲဆိုတော့…

၁။ကြိုးခုန်ခြင်း

ကြိုးခုန်တာကသင့်ရဲ့ လက်မောင်းသားအဆီကျစေတဲ့ လေ့ကျင့်ခန်းကောင်းတစ်ခုပါပဲ။အရင်က ကြိုးုခုန်တာမျိုးမလုပ်ကြည့်ခဲ့ဘူးဆိုရင်အခုကစပြီးလေ့ကျင့်ကြည့်ဖို့အကြံပေးချင်ပါတယ်။ပထမစစချင်းရက်မှာတော့ အကြိမ်အနည်းငယ်သာလုပ်ပေးပြီးနောက်ရက်တွေမှာ အကြိမ်အရေအတွက်များများလုပ်ပေးသင့်ပါတယ်။

၂။အလေးတုံးမခြင်း

လက်တစ်ကိုင်စာအလေးတုံးလေးတွေကို အားကစားစင်တာတွေမှာဝယ်လို့ရနိုင်ပါတယ်။ အလေးတုံးလေးတွေမတာကလည်းသင့်လက်မောင်းသားတွေလျော့ရဲတာကိုတင်းရင်းစေပြီး အဆီကျစေပါတယ်။မတ်တပ်သေချာရပ်ပြီးလက်နှစ်ဖက်က အလေးတုံးကို ကိုင်ထားပါ။ပြီးရင် အပေါ်မြှောက်လိုက် ။အောက်မြှောက်လိုက်လုပ်ပေးပါ။နေ့တိုင်းပုံမှန်လုပ်ပေးရင် လက်မောင်းသားတွေကျစ်လစ်လာမှာပါ။

၃။လက်ဝှေ့ကစားခြင်း

လက်ဝှေ့ကစားတာက အားကစားနည်းတစ်မျိုးဖြစ်သလို လက်မောင်းအဆီကျစေ တဲ့လေ့ကျင့်ခန်းတစ်ခု လည်းဖြစ်ပါတယ်။လက်ဝှေ့ထိုးတာကိုသေချာစနစ်တကျကစားမယ် ဆိုရင်လက်မောင်းအဆီလည်းကျစေသလို ခန္ဓာကိုယ်တစ်ခုလုံးကအဆီတွေလည်းကျစေပါတယ်။ တခြားတစ်ယောက်ကအန္တရာယ်ပေးတာကိုလည်းကာကွယ်နိုင်ပါသေးတယ်။

၎။ရေကူးခြင်း

လက်မောင်းသားအဆီတွေကျချင်ပြီးကျစ်လစ်ချင်တယ်ဆိုရင်ရေကူးတာကိုလည်းချန်ထားခဲ့လို့မရပါဘူး။ရေကူးတာကလက်နဲ့ခြေထောက်ကိုအဓိကအားပြုရလို့အဆီလည်းမြန်မြန်ကျစေပါတယ်။ခန္ဓာကိုယ်အဆီလည်းကျစေလို့ ရေကူးတာကိုပုံမှန်လေ့ကျင့်သင့်ပါတယ်။

၅။ဘောလီဘောကစားခြင်း

ဘောလီဘောကစားတာက လက်မောင်းကိုအဓိကထားပြီးကစားရလို့ လက်မောင်းအဆီမြန်မြန် ကျစေပါတယ်။နေ့တိုင်းဘောလီဘာကစားပေးသွားမယ်ဆိုရင် လက်မောင်းသားတွေကိုလည်း တင်းရင်းစေလို့ အောက်ကိုတွဲကျနေတဲ့အဆီတွေကိုလည်းဖယ်ရှားပေးနိုင်မှာပါ။

268 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.