နာမည်ကျော် Elle ဖက်ရှင်မဂ္ဂဇင်းရဲ့  ၂၀၁၈အတွက်ပထမဆုံးမျက်နှာဖုံးကာဗာမှာ မြင်တွေ့၇တဲ့ Gong Yoo

Goblin မင်းသားချော Gong Yoo ကတော့ နာမည်ကျော် Elle ဖက်ရှင်မဂ္ဂဇင်းရဲ့ ၂၀၁၈ အတွက် ပထမဆုံးမျက်နှာဖုံးကာဗာအဖြစ် မကြာသေးခင်က ရိုက်ကူးခဲ့တယ်လို့သိရပါတယ်။

ပထမဆုံးကာဗာမှာ ကြည်လင်တောက်ပတဲ့အပြုံးနဲ့ လန်းဆန်းစွာမြင်တွေ့ရပြီး ဒုတိယပုံမှာလည်း ပိုပြီးဆွဲဆောင်မှုရှိစွာ ဆံပင်စတိုလ်အသစ်၊ပုံစံအသစ်နဲ့လန်းနေတဲ့ မင်းသားချော ကိုမြင်တွေ့ရပါတယ်။

၂၀၁၈၊ဇန်န၀ါရီအတွက် Elle မဂ္ဂဇင်းကတော့ ဒီဇင်ဘာ ၂၀ရက်နေ့မှာဖြန့်ဝေမှာဖြစ်ပါတယ်။ မကြာသေးခင်ကလည်း မင်းသား Gong Yoo ဟာ ပရိသတ်တွေရဲ့ မဲပေးရွေးချယ်မှုအရ အကောင်းဆုံးမင်းသား ၁၀ယောက်ထဲမှာ နံပါတ် ၇နေရာကိုရရှိခဲ့တယ်လို့သိရပါတယ်။

မဂ္ဂဇင်းကာဗာရိုက်ကူးပေးထားတဲ့ Gong Yoo ရဲ့ ပုံစံအသစ်တွေကိုမြင်တွေ့ရစေဖို့ မျှဝေပေးလိုက်ပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.