အသက် ၂၈နှစ် Nude Blogger ဟာ လို့သိရပြီး သူမရဲ့ဘလော့မှာ ခန္ဓာကိုယ် ယထာဘူတဝါဒ အကြောင်းတွေရေးပြီး ယောဂကျင့်စဉ်တွေကို အဝတ်မပါဘဲရိုက်ကူးထားတဲ့ သူမဓာတ်ပုံတွေပြန်လည်မျှဝေထားပါတယ်။
မကြာသေးမီက Body Shaming နဲ့ပတ်သတ်ပြီး သူမရဲ့အထင်မြင်ယူဆချက်တွေကို ပြောပြထားတယ်။ အရင်ကဆို သူမကအရမ်းပိန်လွန်းလို့ ခဏခဏ အပြောခံရဖူးပါတယ်။
” သူတို့မျက်လုံးထဲ ကြည့်ကောင်းအတွက်နဲ့တော့ ကိုယ့်ကိုယ်ကိုယ်ဝအောင်လုပ်စရာမလိုဘူးလား … ”လို့ သူမရဲ့ဘလော့မှာတင်ထားပါတယ်။
လူတိုင်းလိုလို နေ့စဉ် ခန္ဓာကိုယ်နဲ့ပတ်သတ်ပြီး ဝတာ၊ ပိန်တာကို အပြောခံနေရပါတယ်။ ဟိုတလောက Body Shaming နဲ့ပတ်သတ်ပြီး တစ်ချို့တွေက အသိပညာတွေပေးသွားပေမယ့် ဂရုမစိုက်၊ ပြောတဲ့သူတွေက ဆက်လက်ပြောနေတုန်းပါပဲ။
ပြောတဲ့လူအတွက်တော့ အရမ်းလွယ်ပါတယ်။တစ်ဖက်လူ ဘယ်လောက်ခံစားသွားရမလဲ သူတို့မသိပါဘူး။ ဒီစကားတွေကြောင့် တစ်ဖက်လူမှာ ယုံကြည်မှုတွေပျောက်ဆုံးသွားတတ်ပါတယ်။ ” ငါအရမ်းပိန်နေတယ်..ငါ့ကိုချစ်မယ့်လူမရှိဘူး… ငါအရမ်းဝနေတယ်..သူတို့တွေ့ရင်တော့ လှောင်ပြောင်နေတော့မှာပဲ ” ဆိုတဲ့အတွေးတွေဝင်အောင် ထပ်ပြီး ရိုက်မသွင်းပါနဲ့တော့လား ..။ လူတစ်ယောက်က ဝတာ၊ ပိန်တာ ထက် စိတ်ရင်းကောင်းပြီး ကျန်းမာနေရင်ပြီးရောမလား..။
သူမမှာ ရောဂါရှိတာကြောင့် အရမ်းပိန်နေတာကို လူတွေကမသိဘဲ ဝေဖန်ပြောဆိုကြတာအပေါ် သူမအပြစ်မမြင်ခဲ့ပါဘူး။ ဒါပေမယ့် ယုံကြည်မှုပျက်ပြားအောင်ထိတော့ ပြောဖို့မလိုပါဘူး။ ဝတာ၊ ပိန်တာဟာ အပြစ်တစ်ခုမှမဟုတ်တာ။ ဒါကြောင့် သူများကိုမပြောခင် စဉ်းစားကြပါ။ မပုတ်ခတ်ကြပါနဲ့လို့ သူမရဲ့ဘလော့မှာရေးထားပါတယ်။