အပတ်အနည်းငယ်အတွင်း နှာခေါင်းကဆားဝက်ခြံတွေပျောက်ကင်းစေတဲ့နည်းလမ်းကို မျှဝေခဲ့တဲ့ မိန်းကလေး

နှာခေါင်းမှာ ဆားဝက်ခြံတွေရှိနေရင် အတော်ကြည့်ရဆိုးပါတယ်။ မိတ်ကပ်လိမ်းထားလည်း နှာခေါင်းမှာ မည်းမည်းလေးတွေမြင်နေရတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလျော့စေတယ်။ နှာခေါင်းက အမည်းစက်တွေအတွက် သင်စိတ်ညစ်နေပါသလား?

အင်တာနက်မှာ အပတ်အနည်းငယ်အတွင်း နှာခေါင်းကဆားဝက်ခြံတွေပျောက်သွားပုံကို မျှဝေခဲ့တဲ့ မိန်းကလေးရဲ့နည်းလမ်းလေးကို ပြောပြပေးသွားပါမယ်။

သူမပြောတာတော့ ညာဘက်ပုံက တစ်လလောက်အကြာမှရိုက်ခဲ့တာတဲ့။ ဒါဆို တစ်လလောက်အချိန်ပေးရင်ပျောက်ပြီ။ နေ့စဉ် တစ်ဆင့်ချင်းလုပ်သွားရမယ့်နည်းလမ်းတွေကို သူမကပြောပြသွားပါတယ်။ နှာခေါင်းက ဆားဝက်ခြံတွေကို သူမဘယ်လိုရှင်းခဲ့လဲဆိုတော့ …

မိတ်ကပ်ကို ” Lancôme Energie de vie cleansing oil ” အဆီနဲ့ သန့်ရှင်းပါတယ်။ ပြီးရင်တော့ NEOGEN Dermalogy Bio-Peel Gauze (green tea) နဲ့ မျက်နှာကို ထပ်သန့်ရှင်းပါတယ်။  ခြောက်သွေ့သန့်ရှင်းတဲ့ မျက်နှာပေါ် Differin ဂျယ်လေးလိမ်းပေးတယ်။

ထိုဂျယ်ရဲ့အစွမ်းက တကယ့်ကိုအံ့မခန်းပါပဲ။ နောက်တစ်ဆင့် – “Akaran Moisture Lotion” လေးကို မျက်နှာမှာလိမ်းပေးပါ။ တစ်ပတ်တစ်ခါ The Face Shop sheet masks နဲ့ ပေါင်းတင်ပေးမယ်ဆိုရင် အသားရေတော်တော်ကြည်သွားပါလိမ့်မယ်တဲ့။ အခြားသူတွေလည်း သူမရဲ့အသားရေကောင်းလာတာကိုကြည့်ပြီး အလွန်သဘောကျနေကြပါတယ်။

သူမကတော့ လိမ်းရင် နှာခေါင်းနဲ့ မေးစေ့ကို အသားပေးပိုလိမ်းဖြစ်တယ်တဲ့။ Differin ကိုစသုံးတည်းက သူမအသားရေတော်တော်သိသိပြောင်းလဲခဲ့တာလို့ဆိုပါတယ်။ သူမသုံးခဲ့တဲ့ ပစ္စည်းတွေလေးတွေ ဖော်ပြပေးလိုက်ပါတယ်။

The Face Shop sheet masks

Differin Gel

NEOGEN Dermalogy Bio-Peel Gauze (green tea)

“Akaran Moisture Lotion”

127 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.