မိန်းကလေးတွေမနာလိုဖြစ်ရလောက်အောင် ပြင်ဆင်တတ်လွန်းတဲ့ ယောက်ျားလေးမိတ်ကပ်ပညာရှင်များ

လွန်ခဲ့တဲ့ နှစ်အနည်းငယ်ထိ မိတ်ကပ်ဆိုတာ မိန်းကလေးတွေအတွက်ပဲလို့လူတွေသတ်မှတ်ခဲ့ကြတယ်။ ခုတော့ ပြောင်းလဲမှုတွေက သိပ်မြန်ဆန်လွန်းတယ်။ ရုပ်ရှင်မင်းသား၊ အဆိုတော်၊ အစီစဉ်တင်ဆက်သူ၊ ဓာတ်ပုံမော်ဒယ်အစရှိတဲ့အလုပ်တွေကို လုပ်နေရတဲ့ ယောက်ျားလေးတွေလည်း ကြည့်ကောင်းအောင် မိတ်ကပ်တွေဖို့လာရပြီ။ မိတ်ကပ်ပညာဆိုမိန်းကလေးတွေမှမဟုတ် ၊ ယောက်ျားလေးတွေလည်း သင်ယူလာကြပြီ။ နိုင်ငံခြား ဖက်ရှင်ပွဲတွေမှာဆို မော်ဒယ်တွေကို ယောက်ျားမိတ်ကပ်ပညာရှင်တွေ ပြင်ပေးနေတာ ခဏခဏ တွေ့ရမှာပေါ့။ မိန်းကလေးတွေတောင် မနာလိုဖြစ်ရလောက်အောင် ပြင်တတ်လွန်းတဲ့ ယောက်ျားလေးမိတ်ကပ်ပညာရှင်တွေအကြောင်းဖော်ပြပေးလိုက်ပါတယ်။

Manny MUA

ဒီမိတ်ကပ်ပညာရှင်က ငယ်ငယ်လေးရှိသေးတယ်။ Youtube မှာရော၊အင်စတာဂရမ်မှာပါ သူ့ရဲ့followers တွေ သန်းချီပြီးရှိတယ်။ နာမည်အရင်းက Manuel Gutierrez လို့သိရပါတယ်။ Maybelline ရဲ့ ပထမဆုံး ယောက်ျားလေး brand ambassador တစ်ဦးဖြစ်ပါတယ်။

Patrick Starrr

မိတ်ကပ်လောကမှာ ရင်းနှီးပြီးသားမျက်နှာတစ်ခုဖြစ်မှာပါ။ Patrick က သိပ်အလုပ်ကြိုးစားတဲ့သူလို့သိရတယ်။ MAC အလှကုန်ရဲ့အဓိက မိတ်ကပ်ပညာရှင်ဖြစ်သလို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကလည်း ပြိုင်ပွဲတွေအများကြီးပြိုင်ခဲ့တယ်။ သူက ဖိလစ်ပိုင် – အမေရိကန်စပ်ဖြစ်ပါတယ်။ အထက်တန်းကျောင်းသားဘဝတည်းက ဓာတ်ပုံတွေထဲပါလာဖူးပါတယ်။ အဲ့ဒီဓာတ်ပုံတွေကပဲ သူ့ကိုမိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်အောင် တွန်းအားပေးခဲ့တာပါ။

Zachary Edward

https://www.instagram.com/p/BYM3yvGHzFE/

လော့ အိန်ဂျယ်နဲ့ Las Vegas မှာနေထိုင်ပါတယ်။ Zachary ရဲ့ make up trick ဗီဒီယိုကို ကြည့်ဖူးတဲ့လူတွေရှိမှာပါ။ သူ့ရဲ့တစ်ချိန်နဲ့တစ်ချိန်ပြင်ဆင်မှုက ဆန်းပြားပြီး ရုပ်ပြောင်းအောင်လုပ်နိုင်စွမ်း
ကာ ထူးခြားတဲ့အရည်ချင်းတစ်ခုလို့ဆိုရမှာပါ။ အိမ်ရာမဲ့ ဘဝကနေ သူဒီနေရာကို တက်လှမ်းနိုင်ဖို့ ဘယ်လောက်ထိရုန်းကန်ခဲ့ရမလဲ…စဉ်းစားသာကြည့်ပါတော့။

Jack Emory

သူနဲ့ပတ်သတ်ပြီး စိတ်ဝင်စားစရာအချက်က သူဒီအလုပ်ကိုစတင်ရွေးချယ်ကတည်းက ကိုယ်ပိုင်သင်ကြားမှုနဲ့သာအစပြုခဲ့တယ်။ နာမည်ကျော် ပညာရှင်တွေမှာ မိတ်ကပ်ပညာကိုလေ့လာခဲ့တာမဟုတ်ပါဘူး။ သူက အင်္ဂလန်မှာပဲမွေးပြီး ကြီးပြင်းခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ငယ်ငယ်တုန်းက ဝလို့ body shaming ခဏခဏလုပ်ခံရပြီး အနိုင်ကျင့်ခံရဖူးတယ်။

James Charles

View this post on Instagram

I am so beyond excited and overwhelmed and happy and astonished and of course, SHOOK, to announce that I am the newest face of @covergirl. First ever male ambassador for the brand and I am so honored and excited to be working with such an iconic brand. I started my Instagram one year ago to inspire others and as an artistic outlet to challenge myself creatively. I truly hope that this shows that anyone and everyone can wear makeup and can do anything if you work hard. I can't wait to share with you all what we have in store, but trust me when I say it's gonna be real good. 😊💕 make sure you check out @covergirl's page for more info coming soon, and my new bff @katyperry as well for a cute pic! 😉 Thank you all so much. This would not be possible without all of you.

A post shared by James Charles (@jamescharles) on

အင်တာနက်မှာ နာမည်ကြီးပြီး ပျော်ပျော်နေတတ်တဲ့လူငယ်လေးတစ်ယောက်ကနေ မိတ်ကပ်ဆိုတာ မိန်းကလေးတွေအတွက်ဆိုတဲ့ သတ်မှတ်ချက်ကို ချိုးဖောက်ခဲ့သူဖြစ်ပါတယ်။ ငယ်ရွယ်ပြီး အလုပ်ကြိုးစားတယ်။ လူမှုကွန်ရက်မှာ နာမည်ကြီးမိတ်ကပ်ပညာရှင်တစ်ယောက်ပီပီ သူ့မှာ မှန်ကန်တဲ့ကိုယ်အမူအရာတွေရှိတယ်။ သူ့ရဲ့မိတ်ကပ်ပြင်နည်းဗီဒီယိုဟာ မိန်းကလေးတွေကြားမှာမက ယောက်ျားလေးတွေကြားမှာပါ အလွန်ရေပန်းစားလာခဲ့တယ်။

မိတ်ကပ်အလှတရားဟာ မိန်းကလေးတင်မဟုတ်ဘဲ ယောက်ျားလေးတွေမှာပါ ရှိသင့်တယ်လို့ သင်ရောထင်လား? သင့်ရဲ့အမြင်ကို မျှဝေခဲ့ပါဦး ။

297 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.