နိုဝင်ဘာ ၈ရက်နေ့ကနေ ၂၈ရက်အတွင်း ကိုရီးယားအမျိုးသား ၁၇၀၀ နဲ့အသက် ၁၃နှစ်နဲ့၁၃နှစ် အထက်အမျိုးသမီးတွေကို စစ်တမ်းကောက်ကြည့်တဲ့အခါမှာ Gallup Korea Poll စာရင်းစစ်တမ်းအရ… သူတို့ရွေးချယ်ထားတဲ့ကိုရီးယား မင်းသားအနုပညာရှင် ၁၀ယောက်ကတော့…
၁။Song Kang Ho
မဲရလဒ် ၃၅ရာခိုင်နှုန်းနဲ့ ပထမနေရာကိုရရှိခဲ့သူကတော့ Song Kang Ho ပဲဖြစ်ပါတယ်။မင်းသားဟာ ၂၀၀၈နဲ့၂၀၁၃ ခုနှစ်တုန်းကလည်း အကောင်းဆုံးမင်းသား အဖြစ်ရွေးချယ်ခံခဲ့၇ပါတယ်။သိပ်မကြာသေးခင်ကထွက်ရှိထားတဲ့ A Taxi Driver ဇာတ်ကားဟာလည်းပရိသတ်အားပေးမှုအထူးရရှိခဲ့တာပဲဖြစ်ပါတယ်။
၂။Ma Dong Seok
နံပါတ်နှစ်နေရာမှာတော့ Ma Dong Seok က ၁၇.၈ ရာခိုင်နှုန်းနဲ့ရပ်တည်နေပါတယ်။မင်းသားဟာ မကြာသေးခင်က The Outlaws ၊ The Bros ၊ Wonderful Ghost ဇာတ်ကားတွေကို ရိုက်ကူးထားခဲ့ပြီးနောက်ပရိသတ်အားပေးမှုများစွာရရှိခဲ့သူဖြစ်ပါတယ်။Train To Busan ဇာတ်ကားမှာတည်းက ပရိသတ်တွေရဲ့ အားပေးမှုရရှိခဲ့သူဖြစ်ပြီး အမေရိကန်ရုပ်ရှင်ထုတ်လုပ်ရေး မာဗယ်စတူဒီယိုကတောင် ဟီးရိုးတစ်ယောက်အဖြစ်ရိုက်ကူးဖို့ကမ်းလှမ်းခံထားရသူဖြစ်ပါတယ်။
၃။Lee Byung Hun
၁၂.၆ရာခိုင်နှုန်းနဲ့ နံပါတ်သုံးနေရာကိုရရှိထားသူကတော့ Lee Byung Hunပါ ။သူကတော့ မိန်းကလေးငယ်လေးတွေကိုခုချိန်ထိဖမ်းစားနိုင်တုန်းပါပဲ။The Fortress၊ Single Rider ဇာတ်ကားတွေနဲ့ပရိသတ်တွေရဲ့ မဲပေးမှုကိုရရှိခဲ့တာဖြစ်ပြီး ၂၀၀၉၊၂၀၁၂ခုနှစ်တွေမှာ ပထမနေရာရရှိခဲ့ဖူးသူတစ်ယောက်ဖြစ်ပါတယ်။
နံပါတ်လေးနေရာကိုတော့ Hwang Jung Min က ၈.၁ရာခိုင်နှုန်းနဲ့ ရရှိခဲ့ပါတယ်။
Ha Jung Woo နဲ့ Sol Kyung Gu တို့က ၆.၃ ရာခိုင်နှုန်းစီနဲ့ နံပါတ် ၅ နေရာကိုပူးတွဲရရှိခဲ့ပါတယ်။
မိန်းကလေးပရိသတ်များစွာရှိတဲ့ Gong Yoo ကတော့ ၆.၂ရာခိုင်နှုန်းနဲ့ နံပါတ် ခုနှစ်နေရာကိုရရှိခဲ့ပြီး Song Joong Ki ကတော့ ၅.၈ ရာခိုင်နှုန်းနဲ့နံပါတ်ရှစ် နေရာမှာရပ်တည်နေပါတယ်။
Jung Woo Sung ဟာတော့ ၅.၂ရာခိုင်နှုန်းနဲ့ နံပါတ်ကိုး၊Yoo Hae Jin က ၅.၁ရာခိုင်နှုန်းနဲ့ နံပါတ် ၁၀နေရာကနေ ရပ်တည်နေပါတယ်။