အိပ်စက်ခြင်းဟာ လူတစ်ယောက်ကျန်းမာရေးအတွက် အရမ်းအရေးကြီးပါတယ်။ သိပ္ပံပညာရှင်တွေကလည်း အသစ်သစ်တွေကိုလေ့လာစူးစမ်းနေပြီး နှစ်တိုင်း စိတ်ဝင်စားစရာအချက်တွေကိုချပြခဲ့ပါတယ်။ ခုနောက်ပိုင်းလူငယ်တွေဟာ ခေါင်းချတာနဲ့ အချိန်အတန်ကြာသည်အထိ အိပ်မပျော်နိုင်ဖြစ်နေကြတယ်။ ဖုန်းတွေကြည့်တာလည်း အခြားသောအလုပ်ကိစ္စတွေကြောင့်လည်း စိတ်ဖိစီးမှုတွေများပြီး အိပ်မပျော်နိုင်ဖြစ်ကြပါတယ်။ ညဘက်တွေ ကောင်းကောင်းအိပ်ပျော်အောင် ဒီနည်းလမ်းလေးတွေ စမ်းကြည့်ပါ။ အကျိုးရှိပါလိမ့်မယ်။
အေးတယ်လို့ထင်ရင် သင့်ရဲ့နွေးထွေးစွာထားပါ
ညဘက်အိပ်တဲ့အခါ ညအိမ်မီးမှိန်မှိန်လေး ထားထားခြင်းက သင့်ကိုမြန်မြန်အိပ်ပျော်စေတယ်လို့ သုတေသီတွေက အကြံပြုထားပါတယ်။ အနွေးထည်ဝတ်ပြီး အိပ်ရာဝင်စရာမလိုပါဘူး..သင်ကြိုက်နှစ်သက်တဲ့ ခြေအိတ်ဝတ်အိပ်ရင် ရပါပြီ။ စောင်အထူထူကြီးတွေ မခြုံပါနဲ့။ ခန္ဓာကိုယ်အနွေးဓာတ်လေးနဲ့သူ့ဟာသူအဆင်ပြေတာကြောင့် ညသန်းခေါင် လန့်နိုးတာမျိုးတွေမဖြစ်တော့ဘူး။ ကောင်းကောင်းအိပ်ပျော်ဖို့ သင့်တင့်မျှတတဲ့ အပူချိန်ပဲလိုအပ်တာပါ။
အိပ်စက်ဖို့ပြင်ဆင်တဲ့အခါ
အိပ်ရာဝင်ဖို့ပြင်ဆင်ခြင်းက နောက်တစ်နေ့မနက်မှာလန်းဆန်းစွာနိုးထလာဖို့အတွက် အားအင်တွေစုဆောင်းခြင်းတစ်မျိုးပါပဲတဲ့။
– အိပ်ရာမဝင်ခင် ၁ဝနာရီအလိုတည်းက ကော်ဖီမသောက်ပါနဲ့တော့။
– အိပ်ရာမဝင်ခင် ၃နာရီအလိုမှာ အရက်မသောက်နဲ့။ ဘာမှမစားပါနဲ့ ။
– အိပ်ရာမဝင်ခင် ၂နာရီအလိုဆို လုပ်စရာရှိတာတွေ လတ်စသတ်လိုက်ပါ။
– အိပ်ရာမဝင်ခင် ၁နာရီအလိုမှာတော့ ဘာဖုန်းမှမကြည့်နဲ့တော့။ စာအုပ်ဖတ်ချင်ဖတ်နိုင်ပါတယ်။
– ကဲ ဒါဆို နောက်တစ်နေ့မနက် အလန်းမြည်လို့ မျက်လုံးဖွင့်တာနဲ့ လူက အိပ်ရေးဝပြီး ခေါင်းလည်းကြည်နေပါလိမ့်မယ်။
အိပ်ပုံအိပ်နည်း ရွေးချယ်
ဘယ်လိုပုံစံ အိပ်တာက သင့်အတွက် သက်တောင့်သက်သာရှိစေလဲ?အိပ်ရာထဲမှာ အမျိုးမျိုးပြောင်းအိပ်ကြည့်ပါ။ ဘေးတစ်စောင်းအိပ်တာကသင့်အတွက် သက်တောင့်သက်သာရှိစေတယ်ဆိုရင် ထုအနေထားတိုင်းအိပ်စက်ပေးပါ။ အရုပ်ဖက်အိပ်မှ အိပ်လို့ကောင်းတယ်ဆိုရင် ဖက်အိပ်ပါ။ တစ်ချို့က အိပ်ရာထဲမှာခေါင်းအုံးတွေအများကြီးထားမှ အိပ်လို့ကောင်းတယ်ထင်ကြတယ်။ ကိုယ်အိပ်လို့ကောင်းမယ်ထင်ရင် လုပ်သာလုပ်ပါ။
စားသင့်တဲ့အစားစာ
အချို့အစားစာတွေက ကောင်းကောင်းအိပ်ပျော်နိုင်အောင်အထောက်ကူပြုပေးနိုင်တယ်ဆိုတာ သိမှာပါ။ Melatonin ဆိုတဲ့ဟော်မုန်းက ခန္ဓာကိုယ်ထဲမှာ ပုံမှန်လည်ပတ်မှုမရှိဘူးဆိုရင် အိပ်မပျော်တဲ့ရောဂါကို ဖြစ်စေပါတယ်။ ကောင်းကောင်းအိပ်မပျော်ရင် ခန္ဓာကိုယ်မှာ အနုတ်လက္ခဏာတွေပဲပြလာလိမ့်မယ်။ ဒါကြောင့် ခန္ဓာကိုယ်ထဲမှာ Melatoninဟော်မုန်း ပုံမှန်လည်ပတ်နိုင်စေဖို့ စားသင့်တဲ့အစားစားသုံးမျိုးက – ဌက်ပျောသီး၊ ချိစ်၊ မြေပဲ တို့ဖြစ်ပါတယ်။ ဆေးနဲ့ပဲ Melatonin ဟော်မုန်းကိုဖြည့်ချင်တယ်ဆိုရင်တော့ ဆရာဝန်နဲ့အရင်ဆုံး တိုင်ပင်ကြည့်ပါ။
မနက်ခင်းစောစောထချင်စိတ်ကို လေ့ကျင့်ပေး
အပြောင်းလဲတိုင်းက ခက်ပါတယ်။ ဒါပေမယ့် တကယ်အကျိုးရှိပါတယ်။ ပျော်ရွှင်ကျန်းမာချင်ရင် နည်းနည်းတော့အားစိုက်ရမှာပေါ့။ စိတ်ဓာတ်ခွန်အားကလည်း အရေးကြီးပါတယ်။ စိတ်ကိုတက်ကြွစေမယ့် စကားလုံးအတိုလေးတွေ သင့်အိပ်ခန်းရဲ့လွယ်လွယ်မြင်နိုင်တဲ့နေရာမှာ ကပ်ထားပါ။ ဒီစာလေးတွေက သင်စိတ်တစ်ချက်လွတ်သွားရင် ချက်ချင်းထလုပ်အောင် နှိုးဆော်ပေးနိုင်မယ်ထင်ပါတယ်။ စောစောထပြီးစောစောအိပ်တဲ့အကျင့်က အလုပ်များစွာကိုပြီးစေသလို၊ အိပ်ရေးလည်းဝစေပါတယ်။နောက်ထပ်အိုင်ဒီယာတစ်ခုက မနက်အစောကြီးထပြီး တရားထိုင်၊ ဒါမှမဟုတ် ကော်ဖီသောက်ရင်းစာဖတ်၊ မိသားစုဝင်တွေအိပ်နေချိန် ကိုယ့်အတွက် တစ်နေ့တာအစီစဉ်တွေရေးဆွဲပါ။
ဒီနည်းလမ်းတွေအကုန်မဟုတ်ရင်တော့ တစ်ခုလောက်ပါစမ်းကြည့်ပါ။ ထူးခြားလာလိမ့်မယ်လို့ ပြောရဲပါတယ်။ ဒါမှမဟုတ် စာဖတ်သူတို့ကိုယ်တိုင်ကျင့်သုံးနေတဲ့ အိပ်ပျော်စေတဲ့နည်းလမ်းလေးတွေရှိရင်လည်း အခြားသူတွေသိရအောအင် မန့်မှာ မျှဝေပေးသွားနိုင်ပါတယ်။ 🙂