သမီးဦးလေးကိုမြင်တွေ့ရပြီဖြစ်လို့ ပျော်ရွှင်နေကြတဲ့ Lee Dong Gun နဲ့ Jo Yoon Hee

နာမည်ကျော်အနုပညာရှင်စုံတွဲဖြစ်ကြတဲ့ Lee Dong Gun နဲ့ Jo Yoon Hee တို့ဟာ အခုဆိုရင် သမီးဦးလေးကို မြင်တွေ့ခွင့်ရပါပြီ။မင်းသမီးချော Jo Yoon Hee ဟာ သူမရဲ့ ပထမဆုံး ရင်သွေးလေးကို ဒီဇင်ဘာ ၁၄ရက်နေ့၊ဒီနေ့မနက်စောစောပိုင်းမှာမွေးဖွား သန့်စင်ခဲ့တယ်လို့သိရပါတယ်။

Lee Dong Gunရဲ့  FNC အင်တာတိန်းမန့်က “မင်းသမီး Jo Yoon Heeဟာ ဂန်းနမ်ကဆေးရုံမှာ ချစ်စရာကောင်းတဲ့သမီးလေးကိုမွေးဖွားခဲ့ပါတယ်။အမေရော ကလေးပါကျန်းမာပါတယ်။Lee Dong Gunကလည်း ၀မ်းသာပျော်ရွှင်နေပြီး သူတို့နဲ့အတူရှိနေပါတယ်”လို့ ပျော်ရွှင်စရာသတင်းကိုကြေညာခဲ့ပါတယ်။

Jo Yoon Heeရဲ့ အေဂျင်စီကလည်း “ဒီနေ့မနက်အစောပိုင်းမှာ Jo Yoon Heeဟာ ချစ်စရာသမီးလေးကိုမွေးဖွားခဲ့ပါတယ်။နှစ်ယောက်လုံးကျန်းမာရေးကောင်းမွန်ပါတယ်။မင်းသားကလည်း သူ့ရဲ့ ဇနီးနဲ့သမီးလေးအနားမှာအတူတူရှိနေပါတယ်။ပရိသတ်တွေကလည်းသူတို့အတွက် နွေးထွေးစွာနဲ့ဂုဏ်ပြုစကားလေးပြောပေးကြပါဦး”လို့ပြောခဲ့ပါတယ်။

Lee Dong Gun နဲ့ Jo Yoon Hee တို့ဟာ Laurel Tree Tailors ဇာတ်လမ်းတွဲမှာ ချစ်ခဲ့ကြတာဖြစ်ပြီးမေလတုန်းက လက်ထပ်လက်မှတ်ရေးထိုးခဲ့ပါတယ်။စက်တင်ဘာ ၂၉ရက်နေ့မှာတော့ ရင်းနှီးသူအနည်းငယ်နဲ့ပဲမင်္ဂလာပွဲကိုကျင်းပခဲ့တာပဲဖြစ်ပါတယ်။

Source:Soompi

367 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.