ပထမဆုံး စစတွေ့ချင်းမှာတင် သူကိုယ့်ကိုကြွေသွားအောင် ဘယ်လိုလုပ်မလဲ?

ဒိတ်လုပ်ခြင်းဟာ အရဲစွန့်လွန်းရာရောက်သလို အဆင်ပြေသွားရင်ကောင်းပေမယ့် အဆင်မပြေရင်တော့ စိတ်ညစ်စရာပေါ့။ လူတစ်ယောက်ကို ဆွဲဆောင်ရတာ စိန်ခေါ်တစ်ခုလိုပါပဲ။ သင်ဟာ လူတွေကိုယ့်ဘက်ပါအောင် ဆွဲဆောင်ချင်တယ်ဆိုရင်တော့ ဒီနည်းလမ်းက သေချာပေါက်အကူညီပေးနိုင်မှာပါ။

မျက်လုံးချင်း ဆုံ


သူ့မျက်လုံးကနေ ရင်ထဲပေါက်အောင်ကြည့်လိုက်ပါ။ ဒီအကြည့်တွေက လူတစ်ယောက်ကို ဘယ်လောက်ထိဆွဲဆောင်နိုင်လဲဆိုတာ လက်တွေ့ကျင့်သုံးဖူးသူတိုင်းသိတယ်။ ဒီတိုင်းကြည့်တာထက် ဖျက်ခနဲလှမ်းကြည့်တာက ပိုဆွဲဆောင်မှုရှိတယ်။

အနီရောင်


အနီရောင်ရဲ့ ဆွဲဆောင်အားကလည်း တစ်မျိုးလေးဆန်းတယ်။ အနီရောင်နှုတ်ခမ်းနီဆိုးသွားတာတို့၊ အနီရောင် အကျီ င်္၊ ကုတ် စသဖြင့် အနီရောင်နဲ့ဆက်စပ်သမျှက ဆွဲဆောင်မှုရှိနေပါတယ်။ အနီနဲ့ အဖြူကိုရွေးပါဆိုရင် အနီကို မျက်လုံးထဲပိုသဘောကျကြတယ်။ သူက ယုံကြည်မှုရှိစေတဲ့အပြင် ရိုမန်ဖြစ်စေတယ်။

ဟာသဥာဏ်


ဘယ်နေရာရောက်ရောက် အရွှန်းကိုဖောက်နိုင်တဲ့လူကို လူတိုင်းချစ်ကြပါတယ်။ လူတွေဟာ ကိုယ့်ကိုရယ်မောစေတဲ့သူကို ပိုပြီိး ခင်မင်တွယ်တာတတ်ကြတယ်။ သင်ရဲ့ဟာသဥာဏ်ရွှင်မှုအပေါ်မူတည်ပြီး ဆွဲဆောင်အားတွေ တဖြည်းဖြည်းမြင့်တက်လာမယ်။ တစ်ချို့ဆို ရုပ်တည်ကြီးနဲ့ စကားလုံးကြွယ်ကြွယ် ဖောက်ကြတာမျိုးတွေပေါ့။ ဒီလူတွေနဲ့ရှိနေရင်အရမ်းပျော်ဖို့ကောင်းတယ်။

အပြုံး


အပြုံးတွေထဲမှာ မိန်းကလေးတွေရဲ့အပြုံးက အလှဆုံးပဲတဲ့။ စိတ်ထဲကလှိုက်လှိုက်လှဲလှဲနဲ့ ပြုံးလိုက်တဲ့ အပြုံးကဘာနဲ့မှမတူဘူး။ အရမ်းချိုသာတယ်။ ချိုမြိန်သော အပြုံးလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ။

အကျင့်ဆိုး


အကျင့်ဆိုး ဆိုတာ ရမ်းကား၊သောင်းကျန်း အချောင်ခိုတာကိုပြောတာမဟုတ်ပါဘူး။ မိသားစုတစ်ခုမှာ အဆိုးဆုံးကလေးကို မိဘတွေက ပိုချစ်သလိုပေါ့။ ယောက်ျားလေးတွေမှာ ခပ်ပေပေ ခပ်ဆိုးဆိုးကောင်လေးတွေဆို မိန်းကလေးတွေက ပိုသဘောကျကြတယ်။ စိတ်ရင်းတော့ကောင်းတယ်..ဂျစ်ကန်ကန်နိုင်တာလေးတွေပေါ့။ ဒါမျိုးကလည်း ဆွဲဆောင်မှုတစ်မျိုးပဲတဲ့။

ယုံကြည်မှု


ယုံကြည်မှုက အောင်မြင်မှုအဓိက သော့ချက်ပဲ။ လူက ရုပ်အရမ်းချောနေဖို့မလိုဘူး။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်ရှိနေတဲ့သူဆို လူအများကြားမှာ အလိုလိုကိုထင်ပေါ်နေတာပါ။ ရင်ကိုကော့ ခေါင်းမော့ပြီးလျှောက်ပစ်လိုက်စမ်းပါ။ ချိုသာတဲ့အပြုံးနဲ့ ယုံကြည်မှုရှိတဲ့ စတိုင်လ်ကိုသာပေါင်းလိုက်ရင် လူတွေရဲ့အာရုံစိုက်မှုက အလွယ်လေးရပါလိမ့်မယ်။

ထိတွေ့ခြင်း


စကားပြောရင်း ရယ်စရာပါလာရင် လှမ်းရိုက်လိုက်တာတို့၊ ခေါင်းကို သူ့ပခုံးနားအုပ်ပြီး ရယ်လိုက်တာမျိုးလေးတွေကလည်း မသိမသာဆွဲဆောင်မှုတစ်မျိုးပါပဲတဲ့။ ဒီတိုင်းကြီးစကားပြောနေတာထက်စာရင် သူ့ကိုမထိ တထိကိုင်ရင်း တရင်းတနှီးဆက်ဆံတာက သူလည်း စိတ်သက်သာသလို၊ သင့်အတွက်လည်း စိတ်သက်သာမှုရစေပါတယ်။

ဒီအချက်တွေထဲမှာ သင်တို့ရော ဘယ်အချက်လေးတွေလုပ်ဖူးလဲ?လုပ်ဖူးတဲ့သူရှိရင် အတွေ့အကြုံလေးတွေ မန့်မှာမျှဝေခဲ့နော် !

1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.