Russell Baze နဲ့သူ့ရဲ့ညီ Rodney Jr. တို့ဟာ စီးပွားပျက်ကပ်ဆိုက်နေတဲ့ ကာလမှာနေထိုင်နေရတာဖြစ်ပြီး ဆင်းရဲ့ဒုက္ခကနေရုန်းထွက်လို့ ပိုမိုကောင်းမွန်တဲ့ဘ၀အနာဂါတ်ကို ပိုင်ဆိုင်လိုကြတာဖြစ်ပါတယ်။ ဒါပေမယ့် ရက်စက်တဲ့ကံကြမ္မာအလှည့်အပြောင်းတစ်ခုကြောင့် Russell တစ်ယောက်ထောင်ကျခဲ့ရပါတယ်။ သူ့ရဲ့ညီ Rodney ကတော့အရှေ့မြောက်ပိုင်းမှာရှိတဲ့ ဒုစရိုက်သမားတစ်စုရဲ့ဖြားယောင်းမှုနောက်ပါသွားခဲ့ပါတယ်။ ဒါဟာ Rodeny ရဲ့ဘ၀မှာ အရာရာအားလုံးကိုဆုံးရှုံးသွားစေနိုင်တဲ့ အမှားတစ်ခုပါ။ ထောင်ကထွက်လာတဲ့ Russell ဟာ သူ့ရဲ့ကိုယ်ပိုင်လွတ်လပ်မှုနဲ့ သူ့ညီအတွက်တရားမျှတမှု ထဲကတစ်ခုကိုရွေးချယ်ရမှာပါ။
Out of the Furnace ဟာ သဲထိပ်ရင်ဖိုဇာတ်ကားတစ်ကားဖြစ်ပြီး ဒါရိုက်တာကတော့ Scott Cooper ပါ။ သရုပ်ဆောင်တွေအဖြစ် Christian Bale, Casey Affleck, Woody Harrelson, Zoe Saldana, Forest Whitaker, Willem Dafoe နဲ့ Sam Shepard တို့ပါဝင်ထားပါတယ်။
Ref:wikipedia