ပရိသတ်တွေဆီက မွေးနေ့ဆုတောင်းစကားတွေအများကြီးရခဲ့တဲ့ Onew

ဒီဇင်ဘာ ၁၄ရက်နေ့ ဒီကနေ့ကတော့ နာမည်ကျော်ကေပေါ့ပ်အဖွဲ့တစ်ခုဖြစ်တဲ့ SHINee အဖွဲ့ဝင် Onew ရဲ့ မွေးနေ့ပဲဖြစ်ပါတယ်။Onew ဟာ ၁၉၈၉ခုနှစ်၊ဒီဇင်ဘာ ၁၄ရက်နေ့မှာမွေးဖွားခဲ့တာဖြစ်ပြီး ဒီနှစ်မှာတော့ အသက် ၂၈နှစ်ပြည့်သွားခဲ့ပါပြီ။SHINee အဖွဲ့ထဲမှာ အသက်အကြီးဆုံးအဖွဲ့ဝင်တစ်ယောက်လည်းဖြစ်ပါတယ်။

Onew ရဲ့ နိုင်ငံတစ်ဝှမ်းလုံးက ပရိသတ်တွေကလည်း သူတို့ရဲ့ အိုင်ဒေါလ်အတွက် တွစ်စ်တာကနေ #HappyOnewDay ဆိုပြီး မွေးနေ့ဆုတောင်းစကားတွေ အများကြီးရေးသားခဲ့ကြတယ် လို့သိရပါတယ်။တွစ်စ်တာမှာဆိုရင် 108K တောင်ရှိတာကိုမြင်တွေ့ရပါတယ်။ ပရိသတ်တွေကလည်း Onew အတွက်မွေးနေ့ဆုတောင်းလေးတွေရေးခဲ့ပေးဦးနော်။

 

60 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.