၁လအတွင်း (၁ဝ)ပေါင်ကျအောင် ဝိတ်ချကြမယ်!!

ဝဖို့သာလွယ်တာ.. ဝိတ်ချရတာတော့ အင်မတန်ခက်တယ်နော်။ ဒါပေမယ့် ခိုင်မာတဲ့ဆုံးဖြတ်ချက်တစ်ခု သင်ချပြီးပြီမလား ? ဒါဆို ခရီးတစ်ဝက်လောက်ရောက်နေပြီနော်။ ဘာပဲလုပ်လုပ် စိတ်ဓာတ်တက်ကြံမှုလိုပါတယ်။ စိတ်မပါတဲ့ အလုပ်တစ်ခုက ဘယ်လိုမှခရီးမတွင်ဘူး။

အိုကေ အရင်ဆုံး ၁လအတွင်း ၁ဝပေါင်ကျအောင် ဘယ်လိုဝိတ်အရင်ချမလဲ ကြည့်ရအောင် !
တစ်လမှာ ရက်၃ဝ (သို့) ၃၁ရက်ရှိတယ်။ သုံးရက်အတွင်း တစ်ပေါင်ကျအောင် လုပ်မယ်ဆိုရင်ရော? အဆင်ပြေလောက်မယ်ထင်တယ်နော်။

အဓိကအရေးကြီးတာက စိတ်။ လူတိုင်းက ဝိတ်ကျပြီး ကိုယ်ရည်စစ်တဲ့ဘော်ဒီလေးတွေ ပိုင်ဆိုင်ချင်တာပေါ့။ ဒါပေမယ့် စိတ်ကနောက်မှ အပျင်းတစ်နေတော့ ဘယ်ဝိတ်ကသွားကျတော့မှာလဲ ! ကိုယ်တိုင်ကစပြီးမပြောင်းလဲရင် ဘာမှပြောင်းလဲမှာမဟုတ်ဘူးလေ။

အကြောင်းရင်း သေချာရှာ
တော်တော်များဝိတ်ချချင်ကြတာမှန်ပေမယ့် ဝိတ်ချချင်ရတဲ့ အကြောင်းရင်းကိုမေးရင် သေချာမပြောနိုင်ကြဘူး။ ဘာကြောင့်လဲ… မသိပဲနဲ့ အတင်းဝိတ်ချဖို့တော့ မလုပ်ပါနဲ့။ လုပ်ရပ်တိုင်းက အကြောင်းပြချက်ရှိရမယ်မဟုတ်လား? သင့်မှာ ဝိတ်ချချင်ရတဲ့အကြောင်းရင်း လုံလုံလောက်လောက်ရှိတယ်ဆိုရင်တော့ ဝိတ်ကျဖို့ ပိုနီးစပ်သွားပြီ။

တစ်နေ့ တစ်နေ့ကိုယ်စားသမျှ အစားအစာတွေကို ပြန်သုံးသပ်
ဝိတ်ချရာမှာ အစားသောက်လည်းအရေးကြီးတယ်။ သရေစာတွေစားတာလျော့ ၊ လေ့ကျင့်ခန်းလုံးဝမလုပ်တဲ့လူဆို သွေးပူလေ့ကျင့်ခန်းလေးတွေ စလုပ်ပေးတော့။

၂၄နာရီအတွင်း အချိန်ရအောင်ယူ
ဝိတ်ချချင်တယ်။ အချိန်မရှိဘူး မပြောပါနဲ့။ အချိန်ဆိုတာ ယူတတ်ရင်ရပါတယ်။ ကိုယ့်အပေါ်ပဲမူတည်တယ်။ ကိုယ့်ဘာသာလေ့ကျင့်ခန်းလုပ်ရင်တစ်ခေါက်၊ နှစ်ခေါက်လောက်ပဲ လုပ်ဖြစ်မယ်ထင်ရင် Gym ကိုပြေးပါ။ပိုက်ဆံပေးဆော့ရတာဆိုတော့ နှမြောပြီး နေ့တိုင်းလေ့ကျင့်ဖြစ်မယ်ထင်တယ်။

ကယ်လိုရီနည်းတာတွေလျော့စား
ကယ်လိုရီများတဲ့ အစားစာတွေ ရှောင်ပါ။ လှချင်ရင် အစားဆင်ခြင်ပါ။ ကိုယ်ဘယ်လောက်ကြိုးစားပါစေ..အစားသောက်မဆင်ခြင်ရင် ထူးခြားမှာမဟုတ်ဘူး။ အဓိက ဆီကြော်စာဦးစားပေးရှောင်ပါ။ မနက်မိုးလင်းတိုင်းရေများများသောက်ပါ။ ညနေစာလျော့စားပါ။ ဝိတ်ပိုကျချင် ညနေစာလုံးလုံးမစားတာကောင်းပါတယ်။ သင်ဟာ အိမ်မှာ ထမင်းတွေအားရပါးရလက်နဲ့နှယ်ပြီး စားရတာကိုကြိုက်သူဆို… ဒီအကျင့်လေးကိုပြောင်းမှဖြစ်မယ်။ ဇွန်းနဲ့စားပါ။ ထမင်းစားပြီး ဘာမုန့်သရေစာမှစားဖို့မတွေးပါနဲ့။လှချင်တယ်ဟုတ် !

အစာနဲ့ဝေးတဲ့အချိန်ကို လေ့ကျင့်ခန်းလုပ်ပေးပါ။ လေ့ကျင့်ခန်းလုပ်ဖို့အကောင်းဆုံးအချိန်က မနက်ခင်းပါပဲ။ စိတ်လည်းကြည်စေမယ်။ ခန္ဓာကိုယ်လည်း ပေါ့ပါးမယ်။ ဒီလောက်ဆို လုံလောက်ပြီထင်ပါတယ်။ ခန္ဓာကိုယ်အတွက် တကယ်ထိရောက်တဲ့လေ့ကျင့်ခန်းဗီဒီယိုလေးဖော်ပြပေးလိုက်ပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.