သူမခါးလေးကိုဖက်ပြီး အေးဆေးစကားပြောပါ။ နှစ်ကိုယ်ကြားသာသိနိုင်မယ့်လျှို့ဝှက်ချက်တွေ မျှဝေပါ။ သူမဘယ်လိုလှကြောင်း ပြောပါ.. ရင်ထဲကပါပါစေ။
သူမဝမ်းနည်းနေချိန် ပွေ့ဖက်ပေးပါ။ လက်တွေကို ဆုပ်ကိုင်ပေးပြီး နဖူးပေါ်အနမ်းခြွေကာ နှစ်သိမ့်ပေးပါ။ ပျော်စရာရှိတဲ့ ကိစ္စတွေဆိုလည်း အတူတူရယ်မောပြီး အမှတ်တရတွေဖန်တီးပါ။
သူမနဲ့မျက်လုံးချင်းဆုံအောင်ကြည့်ပြီး ပြုံးပါ။ တစ်ခါတစ်ခါ မထင်မှတ်ထားတဲ့အချိန် သူမကြိုက်တဲ့လက်ဆောင်လေးတွေနဲ့ စပရိုက်လုပ်ပါ။ သူမရဲ့အတွေးအမြင်ပေါ် လေးစားပါ။ သူမက သင့်ကိုချစ်တယ်ပြောတိုင်း သင့်ဘက်က သူ့စကားကို ပြန်တုံ့ပြန်ဖို့မမေ့နဲ့နော်။
နောက်အချက်က သူမမထင်မှတ်ထားတဲ့အချိန်တွေမှာ နမ်းပါ။ စကားတွေအကြာကြီးပြောပါ။ ပါးစပ်ကထုတ်မပြောဘဲ ကိုယ်သူ့ကိုချစ်ကြောင်းသိစေနိုင်မယ့် အပြုအမူတွေ – သူမအတွက် တံခါးဖွင့်ပေးတာတို့ ၊ အရင်ထိုင်စရာနေရာပေးတာတို့က သူမကိုအရေးပါရာရောက်ပါတယ်။ သူမတစ်ခုခုကိုစိတ်မကြည်သလိုဖြစ်နေရင် ချက်ချင်းမေးပါ။ သူမ,မပြောပြချင်ဘူးဆို ပွေ့ဖက်ပေးထားပါ။
အရေးကြီးဆုံးအချက် သူမကိုမလိမ်ပါနဲ့။ သူမသွားချင်တဲ့နေရာတွေ ခေါ်သွားပေးနိုင်အောင်ကြိုးစားပါ။ မနက်တိုင်း ” မောနင်း ” လို့ပြောဖို့ မမေ့ပါနဲ့။ ကိုယ့်ဘက်ကလည်း မပြတ်နိုင်ပဲနဲ့ ဒေါသထွက်တိုင်း လမ်းခွဲဖို့ပြောတာမျိုးရှောင်ပါ။