တကယ်ပျော်ရွှင်ချင်ရင် ကိုယ့်ချစ်သူကို ဒီစကားတွေပြောပေးပါ

ချစ်သူနှစ်ဦးကြားမှာ အမူအရာတွေအပြင် စကားလုံးရွေးချယ်တတ်ဖို့လည်းလိုပါတယ်။ ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် သူတစ်ပါးစိတ်ချမ်းသာသွားတာ ဘယ်လောက်ကောင်းလိုက်လဲ! သင်က ပျော်စရာကောင်းတဲ့ relationship တစ်ခုကိုပိုင်ဆိုင်ချင်တယ်ဆိုရင် ဒီစကားအသုံးအနှုန်းလေးတွေကို ပြောပေးသင့်တယ်နော်။ ပြောဖို့ ဝန်မလေးပါနဲ့။ ပြောသာပြောကြည့်လိုက်ပါ..

ဆောရီးလို့ပြောမယ့်အစား ကျေးဇူးတင်ကြောင်းပြောပါ
တစ်ခါတစ်လေ ကိုယ့်ဘက်ကအမှားလုပ်မိလို့ သူစိတ်ဆိုးသွားတဲ့အခါ သူလိုချင်တာ ကိုယ့်ဆီက တောင်းပန်တဲ့စကားတွေမဟုတ်ဘူး။ အဓိက ဖြေရှင်းချက်ပါ။ သူ့ကိုစိတ်ဆိုးစေရလောက်အောင်ထိ သင်ကျုးလွန်မိတဲ့ အကြောင်းရင်းကို သူသိချင်တာပါ။ တတ်နိုင်လျှင် သူနားလည်အောင်ပြောပြပါ။ ပြီးမှ သည်းခံပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းပြောပါ။ သူစိတ်ပြေပါတယ်။

ဒီနေ့ရော ဘယ်လိုလဲ?
ဒီလိုမေးတာ အပိုတွေလို့ သင်ထင်နေရင်တော့ မှားသွားမယ်နော်။ ချစ်လို့ တွဲကြတယ်မလား ? ဒါလေးတွေပြောဖို့ မတွန့်ဆုတ်ပါနဲ့။ မနှမြောပါနဲ့။ သူ့ရဲ့တစ်နေ့တာ ကြုံတွေ့ရသမျှကိုမေးလိုက်ရင် သူတန်းစီပြီးပြောလာပါလိမ့်မယ်။ သူနဲ့ကိုယ်ရဲ့တစ်နေ့တာ ကိစ္စလေးတွေအပြန်အလှန်ပြောပြရတာ ဘယ်လောက်တောင်ပျော်ဖို့ကောင်းလဲ ။ မလုပ်ဖူးရင် မေးကြည့်ပါ !

” မင်းကိုပြောသားပဲ” လို့ပြောမယ့်အစား ” အဆင်ပြေသွားမှာပါ ” လို့သုံး
လူတိုင်းမှားနိုင်တာပဲ! လုပ်ပြီးသွားတဲ့ အမှားအတွက် ငြူစူနေလည်းဘာထူးမှာလဲ ။ ဖြစ်သမျှအကြောင်းခေါင်းထဲကထုတ်ပြီိး အားလုံးအဆင်ပြေသွားမယ်လို့သာ ချစ်သူကိုအားပေးပါ။ ဘယ်ကိစ္စမဆို ကိုယ်တိုင်ခံစားဖူးရင်သိမှာပါ။ သူလည်း သူ့အမှားအတွက် ဘယ်လောက်ခံစားနေရမလဲ ကိုယ်ချင်းစာကြည့်သိနိုင်ပါတယ်။ ဒါကြောင့် ” နင့်ကိုပြောသားပဲ” တို့ ဘာတို့ ညာတို့စကားတွေနဲ့ အပြစ်မတင်ပါနဲ့။ အားပေးနှစ်သိမ့်ပါ။

ကောင်းသောည
စိတ်မကောင်းဖြစ်၊ ဝမ်းနည်းပြီး အိပ်ယာဝင်ရတာမျိုး ဘယ်သူမှမလိုချင်ဘူး။အေးဆေးငြိမ်းချမ်းစွာပဲ အိပ်စက်ချင်ကြတာပေါ့။ ဒါကြောင့် ဘယ်လောက်ပဲနှစ်ယောက်စိတ်ဆိုးနေပါစေ… ကောင်းသောညလို့တော့ချစ်သူကို မက်ဆေ့ခ်ျပို့လိုက်ပါ။ သူလည်း မနေနိုင်ပါဘူး။ သင့်ကိုနောက်နေ့ ပြန်ဆက်သွယ်ပါလိမ့်မယ်။

ချစ်တယ်
တစ်ချို့က ချစ်တယ်လို့ခဏခဏပြောရင် အချစ်တွေပေါ့သွားနိုင်တယ်တဲ့ ။ဟုတ်ချင်ဟုတ်မှာပေါ့။ တစ်ယောက်နဲ့တစ်ယောက် မတူနိုင်ဘူးလေ။ အရမ်းချစ်တတ်တဲ့သူကြတော့လည်း နေ့တိုင်း ” ချစ်တယ်” လို့မှမပြောရရင် မနေနိုင် မထိုင်နိုင်ဘူး။ တစ်ချို့ကလည်း ” ချစ်တယ်” ဆိုတဲ့စကားကို နေ့တိုင်းကြားချင်ကြတာ။ ဒါလေးပြောရတာ ဘာမှအပန်းမကြီးပါဘူး။ ကိုယ့်ချစ်သူစိတ်ချမ်းသာသွားအောင် ပြောကြည့်ပါ..။

294 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.