ဒီကမ္ဘာပေါ်မှာ ဒီလိုထူးခြားတဲ့အမျိုးသမီးတွေရှိနေတာသင်သိပြီးပြီလား?

ဒီကမ္ဘာပေါ်မှာ လူဦးရေသန်းပေါင်းများစွာရှိတဲ့အထဲကမှ အွန်လိုင်းကနေတစ်ဆင့် လူသိကမ္ဘာ သိဖြစ်ခဲ့တဲ့ အမျိုးသမီး ၇ယာက်ရှိပါတယ်။သူတို့ရဲ့ရုပ်ပိုင်းဆိုင်ရာ ထူးခြားမှုတွေကြောင့် ကမ္ဘာကျော်နေရတာပဲဖြစ်ပါတယ်။သင်ရောသူတို့ ဘယ်သူတွေဆိုတာသိပြီးပြီလား? ဗဟုသုတအနေနဲ့ မသိသေးရင်ဖတ်ကြည့်လိုက်ပါဦး။

၁။ Jocelyn Wildenstein

သူမက ပြင်သစ်-အမေရိကန်ဘီလျှံနာစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့ Alec Wildenstein ရဲ့ ဇနီးဟောင်းတစ်ယောက်ဖြစ်ပါတယ်။စီးပွားရေးလုပ်ငန်းရှင်ရဲ့ မိသားစုဝင် တစ်ယောက်ဖြစ်တာကြောင့်နာမည်ကြီးတာမဟုတ်ပါဘူး။သူမဟာ မျက်နှာကိုကြောင်တစ်ကောင် လို ပုံစံတူစေဖို့ ဒေါ်လာ ၄သန်းအကုန်အကျခံပြီး ပလတ်စတစ်ဆာဂျရီလုပ်ခဲ့ရာမှ အလွန် အကျွံဖြစ်ပြီး မွန်းစတားလိုရုပ်ရည်မျိုးဖြစ်ခဲ့တဲ့ အတွက်နာမည်ကျော်ကြားလာခဲ့တာဖြစ်ပါတယ်။

၂။Big Beshine

ဥရောပအမျိုးသမီးတစ်ယောက်ဖြစ်တဲ့ Beshine ကတော့ လူတော်တော်များများ သိကြမယ်ထင်ပါတယ်။သူမဟာ ကမ္ဘာ့အကြီးဆုံးလို့ဆိုရမယ့်ရင်သားတွေပိုင်ဆိုင်ထားပါတယ်။ ရင်သားတစ်ဖက်စီက ၄၂ပေါင်စီအလေးချိန်ရှိတယ်လို့သိရပါတယ်။ ဖိုတိုရှော့လုပ်ထားတာမဟုတ်တာကြောင့်သူမရဲ့ နာမည်ကလည်း အွန်လိုင်းကနေတစ်ဆင့်လူသိများလာခဲ့တာဖြစ်ပါတယ်။

၃။Julia Gnuse

ယူအက်စ်မှာနေထိုင်ပြီး တက်တူးထိုးရမှာ သိပ်ကိုနှစ်သက်တဲ့အမျိုးသမီးပါ။သူမရဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာတက်တူးလွတ်တဲ့နေရာမရှိသလောက်ပါပဲ။ကမ္ဘာပေါ်မှာတက်တူးအများဆုံးဆိုတဲ့စံချိန်ချိုးထားသူလည်းဖြစ်ပါတယ်။စိတ်မကောင်းစရာကတော့ သူမဟာ ၂၀၁၆၊သြဂုတ်လ ၁၁ရက်နေ့တုန်းကသေဆုံးသွားခဲ့ပါတယ်။ဒါပေမဲ့ သူမကို အခုချိန်ထိတက်တူးချစ်တဲ့အမျိုးသမီးဆိုပြီး အားလုံးကမှတ်မိနေတုန်းပါပဲ။

၎။Kim Goodman

Kim ဟာ သူမရဲ့ မျက်လုံးကိုအပြင်ကို ၁၂မီလီမီတာလောက်ထုတ်နိုင်တဲ့ ထူးခြားတဲ့ အမျိုးသမီးတစ်ယောက်ပါ။မျက်လုံးကိုအဝေးဆုံးကိုတွန်းပို့နိုင်တဲ့စံချိန်ကိုချိုးထားသူ လည်းဖြစ်ပါတယ်။ရုတ်တရက်အပြင်မှာတွေ့ရင်တော့ ခဏထိတ်လန့်သွားမှာအမှန်ပါပဲ။

၅။Jyoti Amge

အသက် ၂၃နှစ်အရွယ်ရှိပြီဖြစ်တဲ့ မိန်းကလေး Jyoti Amge ဟာ အရပ်အမြင့် ၂၄လက်မသာရှိပြီး ကမ္ဘာပေါ်မှာအသေးဆုံးအမျိုးသမီးတစ်ယောက်အဖြစ်စံချိန်ဝင်ထားတဲ့အိန္ဒိယအမျိုးသမီးလေးဖြစ်ပါတယ်။သူမဟာ သုံးလသားကလေးအရွယ်လောက်သာရှိပြီး အသက် ၁၈နှစ်ပြည့်တုန်းက ကမ္ဘာ့အသေးဆုံးအမျိုးသမီးအဖြစ်ဂရင်းနစ်စံချိန်တင်ခဲ့တာပဲဖြစ်ပါတယ်။

၆။Valeria Lukyanova

ယူကရိန်းအမျိုးသမီးလေး Valeria ဟာ ဘာဘီအရုပ်လေးလိုသဘာဝအတိုင်းလှပလို့ လူသားဘာဘီမလေးအဖြစ်အားလုံးရဲ့ချစ်ခင်နှစ်သက်မှုကိုရရှိထားသူလေးဖြစ်ပါတယ်။ မော်ဒယ်အဆိုတော်တစ်ယောက်လည်းဖြစ်ပါတယ်။သူမက ရင်သားခွဲစိတ်ပြောင်းလဲထား တာလို့ပြောပြခဲ့ပြီး သူမရဲ့ ခန္ဓာကိုယ်အလှကတော့သဘာဝအတိုင်း အားကစားလုပ်အဆီချထားတာ လို့ပြောပြခဲ့ပါတယ်။တစ်ချို့လူတွေကတော့သူမဟာ တကယ့်ဘာဘီအရုပ်မလေး အတိုင်းဖြစ်နေတာမို့ သဘာဝအတိုင်းဆိုတာကို သိပ်ပြီးလက်မခံချင်ကြပါဘူး။

၇။Maria Jose Cristerna

မက်စီကိုနိုင်ငံမှာနေထိုင်တဲ့ Maria Jose ဆိုတဲ့အမျိုးသမီးဟာသူမရဲ့ ခန္ဓာကိုယ်ကိုပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် ဗန်ပိုင်းရားပုံစံအဖြစ်ခွဲစိတ်ပြုပြင်ခဲ့ပါတယ်။သူမရဲ့ ခန္ဓာကိုယ်တစ်ခုလုံးဟာ တက်တူးတွေနဲ့ပြည့်နေပြီးသူမရဲ့သွားတွေကိုလည်းဗန်ပိုင်းရားလိုချွန်ထက်နေအောင်လုပ်ခဲ့ပါတယ်။နဖူးမှာလည်း တိုင်တေနီယမ်သတ္ထုနဲ့လုပ်ထားတဲ့ချိုကိုထည့်သွင်းထားခဲ့ပါတယ်။ ဒီလိုမျိုးဗန်ပိုင်းရားပုံစံပေါက်အောင်ခွဲစိတ်မှုများစွာလုပ်ခဲ့ရတယ်လို့လည်းသိရပါတယ်။သူမဟာ အခုဆိုရင်တော့ ဒီကမ္ဘာပေါ်မှာရှိနေတယ်ဆိုတာ မယုံကြည်နိုင်စရာကောင်း တဲ့အမျိုးသမီးတစ်ယောက်ဖြစ်နေခဲ့ပါပြီ။

1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.