ပြုံးပါ..။ ပြုံးတာ ပိုက်ဆံမကုန်ပါဘူး။ ဒါပေမယ့် လှပတဲ့အပြုံးလေးတွေအတွက် သန့်ရှင်းဖြူစင်တဲ့သွားလေးတွေရှိဖို့လိုတာပေါ့။ အခုခေတ်မှာတော့ သွားဆေးခန်းတွေမှာ သွားတွေသန့်ရှင်း၊ ဖြူဝင်းအောင်လုပ်လို့ရနေပြီဆိုတာသိပေမယ့် တစ်ချို့လုပ်ရမှာ ပိုက်ဆံချွေတာချင်တဲ့သူတွေ၊ ဆိုင်သွားပြီး
သူများလုပ်ပေးတာကို မခံတတ်သူတွေအတွက် ဒီအစားစာလေးတွေက အဆင်ပြေစေမှာပါ။
ချိစ်
ချိစ်မှာ ကယ်စီယမ်ဓာတ်တွေပါဝင်တဲ့အတွက် သွားအခေါင်းအပေါက်ဖြစ်တာကိုကာကွယ်ပေးနိုင်ပါတယ်။ ချိစ်ကြိုက်တဲ့သူတွေတော့ မိုက်သွားတာပေါ့။ သွားကျန်းမာရေးအတွက် pH level က အရမ်းအရေးကြီးပါတယ်။ ချိစ်က pH level ကိုမြှင့်တင်ပေးနိုင်ပြီး သွားပျက်စီးစေမယ့်အရာတွေကို လျော့ချပေးနိုင်ပါတယ်။
သခွားသီး
လီမွန်သီးက သွားကိုဖြူဝင်းစေတာ လူတိုင်းသိမှာပါ။ ဒါပေမယ့် သွားဆရာဝန်တွေဆီသွားပြီးသေချာမေးကြည့်ရင် လီမွန်သီးဟာ သွားကျန်းမာရေးကိုဒုက္ခပေးနိုင်တယ်လို့ ပြန်ပြောပါလိမ့်မယ်။ သွားအတွက် သင့်တော်တဲ့ အသီးက သခွားသီးပါ။ သခွားသီးမှာ အမျှင်ဓာတ်များစွာပါဝင်တဲ့အတွက် သင့်သွားနဲ့ခံတွင်းကို အများကြီးအကျိုးဖြစ်စေပါတယ်။ သခွားသီးအရည်က သင့်ပါးစပ်ထဲမှာ ဒန္တစိုဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။
စတော်ဘယ်ရီ
ဒီအနီရောင် အသီိးလေးက သင့်ရဲ့သွားကျန်းမာရေးကိုများစွာထောက်ပံ့ပေးနိုင်ပါတယ်။ စတော်ဘယ်ရီဟာ သွားဖြူဝင်းမှုအတွက်အကောင်းဆုံး အသီးတစ်ခုပါပဲ။ သူတို့မှာ ဗီတာမင် စီလည်းပါဝင်တဲ့အတွက် ကောင်းကျိုးတွေကိုပဲပိုင်ဆိုင်ထားတဲ့ အသီးဆိုလည်းမမှားပါဘူး။ စတော်ဘယ်ရီအရည်နဲ့မုန့်ဖုတ်ဆိုဒါ ကို သွားတိုက်သလို သွားတိုက်ပေးပါ။ ကျန်းမာဖြူဝင်းတဲ့ သွားလေးတစ်စုံကိုပိုင်ဆိုင်နိုင်မယ်လို့ အာမခံပါတယ်။
Green Tea
Green Tea မှာ ဘတ်တီးရီးယားပိုးမွှားတွေကို တိုက်ဖျက်ပေးနိုင်စွမ်းရှိပါ
တယ်။ ပါးစပ်ထဲ ပိုးမွှားပေါက်ဖွားမှုကို ရပ်တန့်ပေးနိုင်ပြီး သွားတွေကို
ပျက်စီးနိုင်တဲ့ အက်ဆစ်ဓာတ်တွေကိုလည်း ဆုပ်ယူပေးနိုင်ပါတယ်။
ပါးစပ်က အနံ့ဆိုးထွက်ခြင်းကိုလည်း သက်သာစေပါတယ်။
ကြက်သွန်နီ
ကြက်သွန်နီမှာ သွားကိုဖြူဝင်းသန့်ရှင်းစေတဲ့ ဓာတ်တွေအပြည့်အဝပါပါတယ်။သွားကိုက်ခြင်းကိုလည်း သက်သာစေပါတယ်။ သွားတိုက်တဲ့အခါ ကြက်သွန်နီနဲ့ပါ သွားကိုပွတ်တိုက်ပေးပါ။ ရက်အနည်းငယ်အတွင်း ထူးခြားတဲ့ရလဒ်ကိုတွေ့ရပါလိမ့်မယ်။