ငွေကြေးနွမ်းပါးသူတွေအတွက် ၀မ်ငွေ ၁၅သန်းလှူဒါန်းခဲ့ပြန်တဲ့ Suzy

နာမည်ကျော်အဆိုတော်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Suzy ဟာသိပ်မကြာသေးခင်က ငွေကြေးနွမ်းပါးတဲ့သူတွေ နေ့စဉ်အသုံးလိုတာတွေဝယ်ယူဖို့အတွက် ၀မ်ငွေ ၁၅သန်း(ဒေါ်လာ ၁၃၈၀၀နီးပါး)ကိုလှူဒါန်းခဲ့တယ်လို့ပြည်ပ၀က်ဘ်ဆိုက်တစ်ခုကနေဖော်ပြခဲ့ပါတယ်။

အဆိုတော်တစ်ယောက်ဖြစ်သလိုသရုပ်ဆောင်ပိုင်းမှာလည်းနာမည်ရနေတဲ့ Suzy ဟာရုပ်ရည်ကလည်းချောမောတဲ့အပြင် ကြင်နာတတ်တဲ့နှလုံးသားရှိသူ တစ်ယောက် လည်းဖြစ်ပါတယ်။သူမဟာ ဆေးဝါးလိုအပ်တဲ့မိသားစုတွေ၊၀င်ငွေနည်းပါးတဲ့ မိသားစုတွေကိုလည်းငွေကြေးလှူဒါန်းလေ့ရှိပြီး Sewol Ferry မတော်တဆမှုတုန်းကလည်း ကျန်ရစ်ခဲ့တဲ့မိသားစုတွေအတွက် ၀မ်သန်း၅၀(ဒေါ်လာ ၅၀၀၀၀)လှူဒါန်းခဲ့ပါသေးတယ်။ မကြာခဏဆိုသလို ငွေကြေးလှူဒါန်းမှုတွေလုပ်ခဲ့တဲ့သူဖြစ်လို့ လှူဒါန်းငွေ ၀မ်သန်း ၁၀၀ (ဒေါ်လာ ၉၂၀၀၀နီးပါး ) ရှိခဲ့ပြီး၂၀၁၅ မှာ Community Chest of Korea အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်လာခဲ့တယ်လို့သိရပါတယ်။

Suzy ဟာ မကြာသေးခင်က “While You Were Sleeping” ဇာတ်လမ်းတွဲရိုက်ကူးထားခဲ့ပြီး သူမရဲ့ ဆိုလိုအယ်လ်ဘမ် ထွက်ရှိနိုင်ဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။

Source :Soompi

254 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.