Saint Ignace Mystery Spot, Michigan, USA
သုတေသီတစ်အုပ်စု ၁၉၅ဝခုနှစ်တုန်းက ထိုနေရာကိုလေ့လာရေးခရီးထွက်လာကြတယ်။ သူတို့အဲ့ဒီနေရာကိုရောက်တော့ သူတို့ရဲ့စက်ပစ္စည်းတွေအလုပ်မလုပ်တော့ဘူး။ သူတို့စမ်းသပ်မှုတစ်ခုလုပ်ကြည့်ပြီးနောက် စက်ပစ္စည်းတွေရပ်သင့်သွားတဲ့နေရာက အဲ့ဒီ ပေ၃ဝဝ ပတ်လည် စက်ဝိုင်းတွင်းလေးထဲမှာပဲ ဖြစ်ပါတယ်။ အဲ့ဒီလိုနဲ့ ထူးဆန်းတဲ့နေရာတစ်ခုလို့သတ်မှတ်ခဲ့ပါတယ်။
Mystery Spot, Santa Cruz, California
ဒီနေရာက Santa Cruz အပြင်ဘက် သစ်တောထဲမှာတည်ရှိပြီး ပေ ၁၅ဝ ဝန်းကျင်မှာပဲ ကမ္ဘာ့ဆွဲငင်အားမရှိတာဖြစ်ပါတယ်။ အဲ့နေရာကိုရောက်သွားရင် လူတွေက ဘေးတစောင်းကြီးတွေ လေပေါ်မြောက်တတ်ပြီး ထူးခြားတဲ့ အာရုံခံစားမှုတွေလည်း ရတယ်လို့ ရောက်ဖူးတဲ့လူတော်တော်များများက ပြောပါတယ်။
Hoover Dam, Nevada, USA
Nevada, USA က Hoover Dam ကို ရောက်ဖူးလား ? ဗီဒီယိုထဲကအတိုင်း try ကြည့်ပါ။ ရေကိုသွန်ချပေမယ့် အောက်မချသွားဘဲ အပေါ်ပြန်တက်နေတာတွေ့ရမှာပါ။ ထိုနားမှာဆောက်ထားတဲ့ အလွန်ပြင်းအားရှိ ရေကာတာကြောင့် အပေါ်ဘက် လေတိုက်နှုန်းအရမ်းများနေတာဖြစ်ပါတယ်။ ဒါကြောင့်ရေတွေက အောက်မကျဘဲ အပေါ်ကိုပြန်ကန်တက်သွားတာဖြစ်ပါတယ်။
Magnetic Hill, Leh Ladakh, India
ဒီတောင်တန်းက အိန္ဒိယက Leh-Kargil-Baltikအဝေးပြေးလမ်းမမှာ
တည်ရှိပါတယ်။ တစ်ချို့ပြောတာတော့ အဲ့ဒီနေရာကနေ လေယာဉ်တွေ
ဖြတ်ရင် အပေါ်မြှင့်မောင်းရတယ်လို့သိရပါတယ်။ မှော်ပညာကိုယုံတဲ့လူ
တွေကတော့ ထိုတောင်တန်းမှာအစောင့်အရှောက် နတ်ကြီးတွေရှိနေလို့
အရမ်းတန်ခိုးကြီးတာဖြစ်နိုင်တယ်လို့ သတ်မှတ်ကြတယ်။
ဒီလိုထူးဆန်းတဲ့ဖြစ်ရပ်မျိုးတွေ ကနေဒါ၊ ယူအက်စ်အေ ၊ သြစတေးလျ နဲ့
အခြားနိုင်ငံတွေမှာလည်း ဖြစ်ဖူးပါတယ်။
Waterfall, Faroe Islands
အပေါ်ကို ပြန်စီးဆင်းတဲ့ ရေတံခွန်လို့ သင်ကြားဖူးလား ? စကော့တလန်နဲ့
အိုက်စ်လန်ကြားက Atlantic သမုဒ္ဒာရာမှာတည်ရှိတဲ့ Faroe Islands
မှာတော့ အဲ့လိုရေတံခွန်ရှိတယ်။ ယုံချင်မှ ယုံပါလိမ့်မယ်။ ဒီလိုထူးဆန်းတဲ့
ရေတံခွန်တွေ ကမ္ဘာတစ်ဝှမ်းမှာအများကြီးရှိပါတယ်။ အလွန်ပြင်းအားများတဲ့
လေတိုက်နှုန်းကြောင့်ပါ။ ဗီဒီယိုထဲမှာ ကြည့်ကြည့်ပါ။