၂၀၁၇ အတွက် “Comedian of the Year” ဆုကိုရရှိခဲ့တဲ့ Yoo Jae Suk

Gallup Korea က ၂၀၁၇ အတွက် “Comedian of the Year”ဆုကို နိုဝင်ဘာ ၈ရက်နေ့မှ ၂၈ရက်အတွင်း နိုင်ငံသားတွေကိုစစ်တမ်းကောက်ယူပြီး လူကြိုက်အများဆုံး Comedian ဆုအတွက် ရွေးချယ်ခဲ့တယ်လို့သိရပါတယ်။

မဲပေးစနစ်နဲ့ရွေးချယ်ခဲ့ရာမှ သုံးပတ်အတွင်း ဂျယ်ဂျူကျွန်းကလွဲပြီး အသက် ၁၃နှစ်နဲ့ အသက် ၁၃နှစ်အထက် လူပေါင်း ၁၇၀၀ကျော်ကမဲပေးပါဝင်ခဲ့ကြပါတယ်။ ပရိသတ်တွေကိုပျော်ရွှင် ရယ်မောအောင် လုပ်ပေးနိုင်တဲ့ Comedian ဆုကို မဲ ၃၈.၃ရာခိုင်နှုန်းနဲ့ Yoo Jae Suk က ပထမနေရာကိုရရှိခဲ့တယ်လို့သိရပါတယ်။

Yoo Jae Suk ဟာ အခုလောလောဆယ်မှာ MBC တီဗီချန်နယ်က စီစဉ်တင်ဆက်တဲ့ “Infinity Challenge” ၊SBS က စီစဉ်တင်ဆက်တဲ့ “Running Man” ၊KBS2 ကတင်ဆက်တဲ့ “Happy Together” အစီအစဉ်တွေမှာအဓိက MC (အစီအစဉ်ကြေညာသူ) တစ်ယောက်အဖြစ်ပါဝင်ဆောင်ရွက်နေပါတယ်။

ဒါတင်မကသေးပါဘူး။ Yoo Jae Suk ဟာ လွန်ခဲ့တဲ့ ၂၀၀၅ ကနေ ၂၀၀၉ ခုနှစ်အထိ လူကြိုက်အများဆုံး Comedian တစ်ယောက်အဖြစ် ပထမဆုကိုရရှိခဲ့တဲ့သူဖြစ်ပါတယ်။ ၂၀၁၀၊၂၀၁၁ မှာ ဒုတိယနေရာကိုရရှိခဲ့ပြီး ၂၀၁၂ မှာတော့ ပထမနေရာကိုပြန်လည်ရရှိခဲ့ပါတယ်။ ၆နှစ်ဆက်တိုက်ဆိုသလို ပထမနေရာကိုရရှိခဲ့ပြိး အခုတစ်ခါ ၂၀၁၇အတွက် လူကြိုက်အများဆုံးဟာသအနုပညာရှင်အဖြစ် မဲအများဆုံးနဲ့ပထမနေရာက ရပ်တည်နေခဲ့တာပဲဖြစ်ပါတယ်။

Yoo Jae Sukကို ပရိသတ်တွေကတော့ Running Man အစီအစဉ်ကနေပိုပြီး ရင်းနှီးမှတ်မိမယ် ထင်ပါတယ်။အခုလိုလူကြိုက်အများဆုံးဟာသအနုပညာရှင်ဆုကိုရရှိခဲ့လို့ သူ့ရဲ့ ပရိသတ်တွေကလည်း အရမ်းဝမ်းသာနေကြတယ်လို့သိရပါတယ်။

 

 

 

 

 

534 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.