ကြော်ငြာတွေကတစ်ဆင့် အနုပညာလောကထဲကို လျှောက်လှမ်းလာရင်း ရရှိလာတဲ့ ပရိသတ်ရဲ့ အားပေးမှုအပေါ် ကျေနပ်တယ်လို့ဆိုလာတာတဲ့ စံရတီမိုးမြင့်နဲ့ တွေ့ဆုံခိုက် သူမရဲ့ အနုပညာလှုပ်ရှားမှုတွေအကြောင်း မေးမြန်းဖြစ်တဲ့အခါ ‘အခုရိုက်နေတဲ့ ကားလေးက ဖန်စီအပျော်လေးပါ။ ကားနာမည်က စိတ္တဇ ၀ိဥာဉ်တဲ့။ မင်းသားက ကိုမင်းမော်ကွန်းပါ။ ဒီကားလေးထဲမှာ ကိုကျော်က အရမ်းစရိုက်ဆိုးတဲ့ အရက်သမား၊ ဖဲသမားပေါ့။ သူ့ရဲ့ မိန်းမနေရာကနေ သရုပ်ဆောင်ထားပါတယ်။ ဆင်းရဲတဲ့ အိမ်ထောင်သည် အောက်ခြေလူတန်းစားပေါ့။ အဲဒီအတွက်ကို အ၀တ်အစားကအစ အရမ်းတောက်တောက် ပြောင်ပြောင်ကြီးတွေမ၀တ်ရဘူး။ ဇာတ်ကားတွေရိုက်လာတာက တော်တော်တော့ များနေပြီ။ တချို့လာငှားတဲ့ ကားတွေကျတော့ သိပ်မလိုက်တာမျိုးတွေရှိတယ်။ ဒါပေမဲ့ ကာရိုက်တာ အစုံလုပ်ချင်တဲ့အတွက် ခက်ခဲတယ်လို့တော့မမြင်မိပါဘူး။ ညီမအတွက် ခက်ခဲမဲ့ ကာရိုက်တာဆိုရင် အသစ်အဆန်းမှန်သမျှတော့ ခက်ခဲမှာပဲ။ ခက်ခဲတဲ့ ဟာတွေကို သရုပ်ဆောင်ကြည့်တဲ့အခါ အနည်းဆုံး နားလည်သွားမယ်လို့တော့ ထင်တယ်။’လို့ သူမက ပြောပါတယ်။
ဒါ့အပြင် သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီးတော့ သူမကပဲ ‘ကာရိုက်တာ အသစ်အဆန်းတစ်ခုလုပ်တိုင်း ညီမက အတွက်စိန်ခေါ်မှုတစ်ခုပါပဲ။ မျက်မမြင်၊ နားမကြားတို့ပုံစံတွေတော့ ညီမမလုပ်ဖူးသေးဘူး။ အချစ်ကားတွေ၊ ဒရမ်မာကားတွေပဲအများဆုံးက လာငှားကြတယ်။ ညီမကတော့ အကုန်ကို လုပ်ကြည့်ချင်တယ်။ တွဲပြီးသရုပ်ဆောင်တဲ့ ၀ါရင့်သရုပ်ဆောင်ကြီးတွေကတော့ သူတို့ရဲ့ သရုပ်ဆောင်မှုတွေကို လိုက်ကြည့်တယ်။ နောက်ပိုင်းမဆုံဖြစ်တဲ့ ကားရိုက်တွေမှာ တော့မပြောဖြစ်သေးဘူးပေါ့။ သူတို့အိုက်တင်တွေကို ကိုယ်က လိုက်ကြည့်ရင်းနဲ့မြင်ဆရာတွေဖြစ်သွားတာပေါ့။’ လို့ပြောပါတယ်။