BTS အဖွဲ့ဟာ 2017 Wings Tourနောက်ဆုံး ဖျော်ဖြေပွဲကို ဒီဇင်ဘာ ၁၀ရက်နေ့က ဆိုးလ်မြို့၊ ocheok Skydome မှာ ကျင်းပခဲ့ပါတယ်။BTS ပွဲကိုလာရောက်ကြတဲ့ပရိသတ်တွေက ဗီအိုင်ပီစင်မှာရှိနေတဲ့ BTSအဖွဲ့ဝင် V ရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ Park Bo Gum ကိုသတိထားမိခဲ့ပါတယ်။
Park Bo Gumက BTS စာတန်းပါ လျှပ်စစ်တုတ်တံလေးကိုကိုင်ပြီး ဝှေ့ယမ်းနေတာ ကိုမြင်တွေ့ခဲ့ရပါတယ်။သီချင်းတွေကိုလည်း အားလုံးလိုက်ဆိုပြီး သူ့သူငယ်ချင်းအတွက်အားပေးခဲ့တာပါ။
Park Bo Gumက သူ့ရဲ့ ရုပ်ရှင်အချိန်ဇယားတွေနဲ့မအားလပ်ဘူးလို့သိရပေမဲ့ သူငယ်ချင်းဖြစ်သူရဲ့ ဒီနှစ်အတွက်နောက်ဆုံးပွဲစဉ်ကိုတော့ရောက်အောင်လာအားပေးခဲ့ပါတယ်။အံ့သြစရာပါပဲ Park Bo Gumအပြင် V ရဲ့ နောက်ထပ်အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ Ha Ji Won ကလည်း လာရောက်အားပေးခဲ့တာကိုမြင်တွေ့ရပါတယ်။
နာမည်ကျော်အနုပညာရှင်နှစ်ယောက်ကသူတို့ရဲ့ ကိုယ်စီလျှပ်စစ်တုတ်တံလေးတွေကိုင်ပြီး အားပေးနေခဲ့ပါတယ်။V ၊Park Bo Gum နဲ့ Ha Ji Won တို့က အရမ်းရင်းနှီးကြတဲ့ သူငယ်ချင်းတွေဖြစ်ကြပြီး သူတို့လာအားပေးတာကိုမြင်တွေ့ရတဲ့ BTS ရဲ့ ပရိသတ်တွေကလည်းအရမ်းဝမ်းသာနေကြတယ်လို့သိရပါတယ်။