ရင်နာစရာဘဝတစ်ခုကြောင့် ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခဲ့ရတဲ့ တစ်ချိန်ကနာမည်ကြီးမင်းသမီး

Single mother က မွေးဖွားခဲ့လို့ သူမရဲ့အဖေဆိုတာ ဘယ်သူမှန်း သိတောင်မသိခဲ့ရဘူး။ သူမအမေမှာ စိတ်ပိုင်းဆိုင်ရာချို့ယွင်းချက်ရှိနေလို့ စိတ်ကျန်းမာရေးဆေးရုံကို အပို့မခံရခင် ကလေးနို့စို့အရွယ်လေးကို ခေါင်းအုံးနဲ့ဖိသတ်ဖို့ ကြိုးစားခဲ့ပါသေးတယ်။

ဒီလိုနဲ့ သူမ မိဘမဲ့ဖြစ်ခဲ့ရတယ်။ သူမကို မွေးစားချင်တဲ့ မိဘတွေ ၁၁ယောက်လောက်ရှိခဲ့ပါတယ်။ကံဆိုးချင်တော့ မကောင်းတဲ့ မွေးစားမိဘအိမ်ကိုရောက်သွားခဲ့တယ်။ အသက်အရွယ်နဲ့မလိုက်အောင် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်နှိပ်စက်မှုတွေ ခံခဲ့ရတယ်။ အသက် ၁၆နှစ်မှာ ထိုကံဆိုးမှုက လွတ်မြောက်အောင် ယောက်ျားတစ်ယောက်နဲ့လက်ထပ်ခဲ့ပေမယ့် သူမတို့အိမ်ထောင်ရေးက အခြေမခိုင်ခဲ့ဘူး။ အိမ်ထောက်ရေးသက်တမ်းက ၄နှစ်ထိပဲ ဒဏ်ခံခဲ့တယ်။

တစ်ချိန်တည်းမှာပဲ ကံကြမ္မာက မျက်နှာသာပေးလို့ ရုပ်ရှင်တစ်ခုမှာ သူမပါဝင်သရုပ်ဆောင်ခွင့်ရခဲ့ပါတယ်။ မက်မောစရာကောင်းတဲ့ အနုပညာကြယ်ပွင့်ဘဝမှာရပ်တည်နိုင်ဖို့ သူ့မရဲ့အတိတ်ဆိုးတွေကိုမေ့ပစ့်ပြီး ဆံပင်တွေ ၊နာမည်တွေ အကုန်ပြောင်းလဲပစ်ခဲ့ပေမယ့် အရိပ်မည်းတွေက နောက်ကလိုက်နေခဲ့တယ်။ အကာကွယ်မဲ့တဲ့ သူမဘဝရဲ့ အကျည်းတန်အမှန်တရားတွေက ကြယ်တစ်ပွင့်လို တောက်ပနေတဲ့သူမဘဝကို စတင်ရိုက်ခတ်လာပါတော့တယ်။

Playboy ကာဗာမှာ သူမရဲ့ သဘောတူညီမှုမပါဘဲနဲ့ ဝတ်လစ်စလစ်ပုံတွေ ထုတ်ဝေခံခဲ့ရပါတယ်။
သူမရဲ့အတိတ်ဆိုးတွေက လက်ရှိအခြေအတွေအားလုံးက ဖျက်စီးပစ်ခဲ့တယ်။ သူမတစ်ဘဝလုံး မေတ္တာငတ်မွတ်နေခဲ့ပေမယ့် အားတင်းရုန်းကန်ခဲ့တယ်။ သုံးကြိမ် လက်ထပ်ခဲ့ပေမယ့် အကြိမ်တိုင်းဟာ စိတ်ပျက်စရာ အိမ်ထောင်ရေးအဖြစ်နဲ့သာအဆုံးသတ်ခဲ့တာပါပဲ။ ဝတ်လစ်စလစ်ပုံတွေအတင်ခံလိုက်ရတည်းက သူမကိုယ်သူမတောင်မသိတော့ဘဲ တဖြည်းဖြည်းနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လောကကြီးရဲ့ သားကောင်ဖြစ်လာခဲ့တယ်။

သူမစိတ်ထဲမွန်းကြပ်လာတယ်..။ ထွက်ပေါက်မရှိဘူး.. ။ အောင်မြင်ပြီး လေးစားခံရတဲ့မင်းသမီးတစ်ယောက်ဆိုတဲ့ သူမအိပ်မက်ကို အကောင်ထည်ဖော်နိုင်ခဲ့ပေမယ့် အပြည့်အဝမခံစားလိုက်ရဘူး။
အသက် (၃၆)နှစ်မှာ ဆေးအလွန်အကျွံသောက်ပြီး သူမဘဝကို အဆုံးစီရင်ပစ်ခဲ့တယ်။ သူမရရှိလိုက်တဲ့ အမွေဆိုလို့ မွေးရာပါ ကောက်ကြောင်းလှတဲ့သူမခန္ဓာကိုယ်နဲ့ ဘယ်သူမှမမျှော်လင့်ထားဘဲ ရုတ်တရက်သိလိုက်ရတဲ့ ဆိုးဝါးသော သူမဘဝဇာတ်ကြောင်းကြီးသာဖြစ်တယ်။

ဒါပေမယ့် ကိုယ်ပိုင်ထုတ်လုပ်ရေးလုပ်ငန်းတစ်ခုကို တည်ထောင်နိုင်ခဲ့တဲ့ ဒုတိယအမျိုးသမီးတစ်ယောက်ဖြစ်ပြီး သူမရုပ်ရှင်တွေက ဒေါ်လာ ၂ဝဝမီလီလျံ ထိ ကြောက်ခမန်းလိလိ ရောင်းချနိုင်ခဲ့တယ်။ အဲ့ဒီလို သာမန်လူတစ်ယောက်ထက် သာလွန်တဲ့ အိုင်ကျုကိုပိုင်ဆိုင်ထားတဲ့ သူမကတော့ ….

Marilyn Monroe ပဲဖြစ်ပါတယ်။ ရှုပ်ထွေးလွန်းတဲ့ ဘဝကြီးကနေ ဒီလိုအောင်မြင်တဲ့ မင်းသမီးတစ်ယောက်အဖြစ်ရပ်တည်နိုင်ဖို့ ကျခဲ့တဲ့စိတ်ဓာတ်တွေပြန်ကောက်ပြီး ရုန်းကန်ခဲ့ရတဲ့ သူမကို ဒီနေ့ဒီအချိန်ထိ အမှတ်ရနေဖို့ ထိုက်တန်ပါတယ်။

” We are all of us stars, and we deserve to twinkle .”Marilyn Monroe

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.