“The Shark” ခေါ် Ezrah Dormon လို့သိရတဲ့ အသက် (၁၂)နှစ် Tattoo Artist လေး က သူကိုယ်တိုင် တက်တူးထိုးဖို့အတွက် အသက်အလွန်ငယ်သေးပေမယ့် အခြားလူတွေခန္ဓာကိုယ်မှာတော့ သူ့ရဲ့လက်ရာတွေကို အစွမ်းပြနေလေရဲ့ ။
သူ့အမေ Panamaက Honolulu tattoo shop မှာ တက်တူးသွားထိုးတော့ လိုက်ကြည့်တဲ့အချိန်မှာ တက်တူးကိုအရမ်းစိတ်ဝင်စားသွားခဲ့တယ်။ သူအရမ်းစိတ်ဝင်စားနေတာတွေ့တော့ အဲ့ဒီက တက်တူးဆရာကြီးက ဆွဲကြည့်ချင်လားတဲ့။ ချက်ချင်းပဲခေါင်းငြိမ့်ပြီး သူ့အမေခွင့်ပြုချက်နဲ့ သူဆွဲခွင့်ရခဲ့ပါတယ်။ ဒီအပေါ်မှာ သူအရမ်းစိတ်အားထက်သန်နေတာသိရတော့ သူ့အမေက တက်တူးနဲ့ပတ်
သတ်ပြီး လေ့လာခွင့်ပေးတယ်။
ထိုတက်တူးဆရာကြီး Ali Garcia ကိုယ်တိုင် ဆွဲပုံဆွဲနည်းနဲ့ ကွဲပြားတဲ့ဒီဇိုင်းတွေကို သူ့ကိုသင်ပေးခဲ့တယ်။ သူ့ရဲ့သင်္ချာဆရာမကိုတောင် တက်တူးထိုးပေးခဲ့တယ်တဲ့။ အခုဆို သူ့ရဲ့တက်တူးစုတ်ချက်တွေက လူအရောက် ၂ဝရဲ့ခန္ဓာကိုယ်ပေါ်ရောက်နေပါပြီ။ ဒီကလေးမှာ အံ့သြစရာကောင်းတဲ့ အရည်ချင်းတွေပိုင်ဆိုင်ထားပေမယ့် တစ်ချို့လူတွေက သူ့အသက်လေးနဲ့တက်တူးထိုးတာ တရားဝင်ရဲ့လား .. ၊ကလေးတွေ မဟုတ်တာတွေလမ်းပြနေတယ်ဆိုပြီး ဝေဖန်ကြတယ်။ သူ့ရဲ့ဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်။