အီတလီနိုင်ငံမှာ ဂုဏ်သိက္ခာကြီးမားလွန်းလှတဲ့ အေစီမီလန်အသင်း အခုဆိုရင် အခြေအနေတွေက ဆိုးဝါး နေပြီး နိုင်ပွဲတွေပျောက်နေခဲ့လိုက်တာပြီးခဲ့တဲ့တစ်ပတ်ကမှ ကာတာနီးယားကို အဝေးကွင်းမှာ နိုင်ပြီး (၃) မှတ်ရခဲ့တဲ့အထိပါပဲ။ ဒါကတော့ ကွင်းတွင်းပြသနာဖြစ်ပြီး ကွင်းပြင်ပ ရုံးခန်းထဲမှာဆိုရင်လည်း ပြသနာတွေ အတော်ကိုတက်နေကြပါတယ်။ အထင်ရှားဖြစ်နေတာက အသင်းပိုင်ရှင် အီတလီဝန်ကြီးချုပ်ဟောင်းဘာ လူစကိုနီဟာ သူ့သမီးဘာဘရာဘာလူစကိုနီကို အသင်းအမှုဆောင်အရာရှိချုပ်အဖြစ် (၂၇)နှစ်ကြာတာ ၀န်ထမ်းဆောင်နေခဲ့သူ အန်ဒရီယန်နိုဂယ်လီယန်နီနဲ့ ပူးတွဲရာထူးပေးလိုက်ခြင်းပါပဲ။ ဒီကိစ္စတွေကြောင့် ဂယ် လီယန်နီဟာ အသင်းကနေ နုတ်ထွက်တော့မယ်ဆိုပြီး ပြောလာခဲ့တဲ့အထိ ဖြစ်နေပါတယ်။
ဒီကိစ္စတွေအပေါ်မှာ အေ စီမီလန်ကွင်းလယ်ကစားသမားဟောင်း ဂတ်တူဆိုက “ ဂယ်လီယာနီလို လူမျိုးကို လေးစားမှုရှိသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘောလုံးလောကထဲမှာ အမျိုး သမီးတွေ ဘယ်လိုမှအံ့ဝင်တယ်ကိုမထင်တာ။ ဒီလိုမျိုးမပြောချင်ပေမယ့် အဲဒါကအမှန်တရားပဲလေ”လို့ ဝေဖန်သွားခဲ့ပါတယ်။ ဂတ်တူဆိုဟာ ဆွစ်ဇာလန်ကလပ် အက်ဖ်စီဆီယွန်မှာ ကစားသမား/နည်းပြအဖြစ် ကစားခဲ့ပြီး ဘောလုံးသမားဘ၀ကအနားယူကာ အခုဆိုရင် စီးရီးဘီကလပ် ပါလာမိုမှာ နည်းပြအဖြစ် ထမ်း ဆောင်နေခဲ့ပြီး (၆)ပွဲအပြိး အလုပ်ပြုတ်သွားခဲ့သူဖြစ်ပါတယ်။