The Reputation အဆိုတော်တစ်ယောက်ဖြစ်တဲ့ Taylor Swift ဟာ သူမရဲ့ ချစ်သူဗြိတိန်အနုပညာရှင်မင်းသား နဲ့ နယူးယော့ခ်က Madison Square Garden မှာကျင်းပတဲ့ ဖျော်ဖြေပွဲအပြီး နှစ်ယောက်သားဒိတ်လုပ်ခဲ့ကြတယ်လို့သိရပါတယ်။ နယူးယော့ခ်မှာကျင်းပတဲ့ Z100 Jingle Ball ဖျော်ဖြေပွဲမှာ လည်းပါဝင်တာကြောင့်သူမရဲ့ချစ်သူက လာပြီးအားပေးတာပဲဖြစ်ပါတယ်။
သူတို့စုံတွဲဟာ ၂၀၁၆ မှာစတွေ့ခဲ့ကြတာဖြစ်ပြီးမေလမှာစတွဲခဲ့ကြတာဖြစ်ပါတယ်။ မကြာသေးခင်ကလည်းအတူတူခရီးထွက်ခဲ့ကြပါသေးတယ်။Taylor က သူမရဲ့အချစ်ရေးနဲ့ ပတ်သက်ပြီးမပြောပြပေမဲ့လည်းသူမရဲ့ ပရိသတ်တွေကတော့သူမဘာလုပ်လုပ် အသေးစိတ်ကိုစုံစမ်းသိရှိနေကြတာပဲဖြစ်ပါတယ်။
ဖျော်ဖြေနေတုန်းမှာလည်း Joe ဟာ Taylor သီချင်းဆိုဖျော်ဖြေနေတဲ့ပုံရိပ်တွေကို ဗီဒီယိုရိုက်ကူးခဲ့ပါသေးတယ်။ သူ့ကိုကြည့်ရတာ Taylor Swift အတွက်အရမ်းဂုဏ်ယူနေ ပုံရတယ်လို့ ဘေးနားက မြင်တွေ့ရတဲ့ပရိသတ်တွေဆီကသိရပါတယ်။
Taylor ဟာ နောက်နှစ်ဇွန်လမှာ Manchester နဲ့Dublin တို့ကိုသွားရောက်ဖျော်ဖြေဖို့ရှိတယ်လို့ သိရပါတယ်။မကြာသေးခင်ကထွက်ရှိခဲ့တဲ့ Reputation အခွေကလည်း ပထမအပတ်မှာတင် အရောင်းရဆုံး အယ်လ်ဘမ်ဖြစ်ခဲ့ပါတယ်။ တတိယအပတ်ထိတိုင်အောင် သူမရဲ့ အယ်လ်ဘမ်က ယူကေရဲ့ အယ်လ်ဘမ်စာရင်းမှာထိပ်ဆုံးကရပ်တည်ခဲ့တယ်လို့သိရပါတယ်။
Source: Popsugar,The Sun