ခရစ်စမတ်ကာလမှာ ပါတီပွဲတွေတက်ရမယ်ဆိုရင် ရွေးချယ်သင့်တဲ့ဖက်ရှင်များ

ခရစ်စမတ်ကာလမှာ ပါတီပွဲတွေမကြာခဏကျင်းပလေ့ရှိပါတယ်။သင့်ရဲ့ သူငယ်ချင်းတစ်ယောက်က ခရစ်စမတ်ပါတီဖိတ်လို့ဖြစ်စေ၊အသိမိတ်ဆွေတွေက ပါတီဖိတ်လို့ဖြစ်စေ သွားရမယ်ဆိုရင်  ခရစ်စမတ်နဲ့လိုက်ဖက်ပြီးချစ်စရာကောင်းတဲ့ဖက်ရှင်လေးတွေဝတ်ဆင်သွားဖို့အကြံပေးချင်ပါတယ်။ဘာဝတ်ရမှန်းမသိဖြစ်နေတဲ့သူတွေအတွက်လည်း ဒီဝတ်စုံဒီဇိုင်းတွေထဲက ရွေးချယ်ဝတ်ဆင်နိုင်တယ်နော်။

ဒီလိုချစ်စရာအဖြူရောင်ဂါဝန်လေးက ခရစ်စမတ်နဲ့သိပ်လိုက်ဖက်ပါတယ်။ဖက်ရှင်လည်းကျစေပြီး စမတ်ကျတဲ့မိန်းမပျိုလေးအသွင်ဖြစ်စေမှာပါ။

ဝိုး..အရမ်းချစ်ဖို့ကောင်းတဲ့ဒီဇိုင်းလေးနော်။ခရစ်စမတ်အရုပ်လေးနဲ့ဆင်တူပေါ့။တခြားသူတွေရဲ့ ဖက်ရှင်နဲ့လည်းမတူပဲကွဲထွက်နေတာ။ချမ်းအေးတဲ့ရာသီမို့လို့ အနွေးထည်လှလှလေးလည်းယူသွားဖို့မမေ့နဲ့နော်။

ဒီလို အဖြူရောင်ဂါဝန်လေးကလည်း ခရစ်စမတ်မှာသိပ်ပြီးဝတ်လို့ကောင်းတဲ့ဒီဇိုင်းလေးပါ။ အရပ်ရှည်တဲ့မိန်းကလေးတွေအတွက်တော့ ငေးကြည့်စရာ အဆင်လေးနော်။

ဂါဝန်တွေမ၀တ်ချင်ဘူးဆိုရင်လည်း ဒီလိုခပ်မိုက်မိုက်လေးတွေနဲ့လန်းလို့ရပါတယ်။ခရစ်စမတ်ရဲ့ သင်္ကေတအဖြူရောင်နဲ့ တလက်လက်လေးတွေက ပါတီမှာ အထင်းသားပေါ်လွင်နေစေမှာပါ။

ဒီလိုအကျီဒီဇိုင်းဆန်းလေးနဲ့စကတ်လေးကိုလည်းတွဲဖက်ဝတ်ဆင်လို့ရပါတယ်။ဒေါက်ဖိနပ်လှလှလေးပါစီးလိုက်မယ်ဆိုရင်တော့ ရိုးရိုးလေးနဲ့လှနေတယ်ဆိုတာမျိုးပေါ့။

ခရစ်စမတ်ရာသီက အဖြူရောင်နဲ့အနီရောင်တွေပဲ လွှမ်းမိုးထားတာဆိုတော့ ဒီအနီရောင်ဂါဝန်လေးကလည်း ဆွဲဆောင်မှုအပြည့်ရှိနေစေမှာပါ။

ထပ်ပြီးအကြံပေးရမယ်ဆိုရင် ခရစ်စမတ်ပါတီတွေသွားမယ်ဆိုရင် သက်တောင့်သက်သာလည်း ရှိပြီး လှပတဲ့ဂါဝန်လေးတွေကိုဝတ်ဆင်ဖို့အကြံပေးချင်ပါတယ်။

ဂါဝန်ဝတ်နေကျလူကတော့ အပြောင်းအလဲလေးဖြစ်အောင် ဘောင်းဘီနဲ့စတိုင်လ်ခပ်မိုက်မိုက်လေး ၀တ်ဆင်သွားသင့်ပြီး တစ်ခါမှ ဂါဝန်မ၀တ်ဖူးဘူးဆိုရင် ၀တ်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။အဲ့ဒါမှ ကိုယ်က ဘယ်လိုပုံစံလေးနဲ့ပိုပြီးလိုက်ဖက်လဲဆိုတာသိနိုင်မှာနော်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.