ခါးနားတစ်ဝိုက်က အဆီတွေကျစေဖို့ မှတ်သားရမယ့်အချက် ၃ချက်

တစ်ချို့မိန်းကလေးတွေက ခန္ဓာကိုယ်ကသိပ်မ၀ပဲနဲ့ခါးနားမှာပဲအဆီလေးတွေ စုနေတာတွေ ရှိတတ်ပါတယ်။ဝတဲ့မိန်းကလေးတွေအတွက်လည်း ဒီအချက်တွေမှတ်ထားသင့်ပါတယ်။ ခါးအဆီကျတဲ့အပြင် ဗိုက်ကအဆီတွေကိုပါ လျော့ကျစေပါတယ်။အဲ့ဒါကြောင့် အဆီချဖို့ အစားအသောက်တွေလျှော့စားပေမဲ့လည်းအဆီတွေက ကျမသွားဘူးဆိုရင်ဒီအချက်လေးတွေ အတိုင်းလိုက်လုပ်ကြည့်ဖို့အကြံပေးချင်ပါတယ်။

၁။ကျန်းမာစေတဲ့အစားအစာတွေစားပါ

သရေစာတွေအများကြီးစားနေရာကနေ နည်းနည်းလေးပဲလျှော့စားရုံနဲ့ ခါးကအဆီတွေ မကျနိုင်ပါဘူး။နည်းနည်းဆိုပေမဲ့စားတဲ့အစားအစာကမှားယွင်းနေလို့ အဆီတွေမကျတာပါ။ ခါးကအဆီတွေကသေချာစနစ်တကျလုပ်မယ်ဆိုရင် တစ်လလောက်နဲ့တင်ကျစ်လစ် လှပလာတာကိုမြင်တွေ့ရပါလိမ့်မယ်။အဲ့ဒါကြောင့် သရေစာတွေ၊အသင့်စားအစားအစာတွေကို လုံးဝဖြတ်လိုက်ပြီး ရေများများသောက်ပေးပါ။အသီးအနှံတွေများများစားပါ။ ထမင်းထက် အသီးအရွက်ကိုပိုစားပါ။အဆီများတဲ့ဟင်းတွေရှောင်ပေးပါ။မနက်စာကိုလည်းသေချာ အာဟာရပြည့်ဝတဲ့အစားအစာမျိုးစားပေးဖို့လိုအပ်ပါတယ်။

၂။လေ့ကျင့်ခန်းလုပ်ပါ

ခါးကအဆီတွေကျစေဖို့ အထိရောက်ဆုံးနည်းလမ်းကတော့ ခါးလှည့်ကွင်းနဲ့လေ့ကျင့်ခန်း လုပ်ပေးတာပါ။တစ်ခါမှမလုပ်ဖူးရင်ကိုယ်နိုင်မယ့်ခါးလှည့်ကွင်းတစ်ကွင်းဝယ်ပြီးစပြီးလေ့ကျင့် ပါတော့။ခါးလှည့်တာက အဆီတွေမြန်မြန်ကျစေပြီးတစ်လအတွင်းထိရောက်တဲ့နည်းဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ချိန်မှာပျင်းမနေပဲ ဒီနေ့ ၁၀ခါလှည့်ရင်နောက်နေ့၁၅ခါလှည့်နိုင်အောင်ကြိုးစားပါ။ တစ်နေ့ကို ၁၀မိနစ်လောက်လှည့်ပေးရင်တစ်လအတွင်းမှာပဲ အဆီကျကျစ်လစ်တဲ့ခါးလှလှလေး ပိုင်ဆိုင်နိုင်မှာပါ။

၃။သင့်ရဲ့ ခါးအတိုင်းအတာကိုတိုင်းထားပါ

ဒီအချက်ကလည်းအရေးကြီးပါတယ်။လေ့ကျင့်ခန်းမစခင်၊သင့်ရဲ့ အစားအသောက်တွေ မပြောင်းလဲခင် ခါးအတိုင်းအတာကို မှတ်ထားပါ။မမှတ်ထားဘူးဆိုရင် ဘယ်လောက်ကျလို့ကျသွားမှန်းမသိပဲ ဖိအားတွေများလာတတ်ပါတယ်။သင့်ရဲ့ လေ့ကျင့်ခန်းစပြီးတစ်ပတ်လောက်ဆိုရင် ခါးအတိုင်းအတာကိုပြန်ပြီးတိုင်းကြည့်ပါ။ မလျော့သေးဘူးဆိုရင်လည်းစိတ်ဓာတ်မကျသွားပါနဲ့။

အချိန်တွေအကြာကြီးအဆီတွေစုလာတဲ့အတွက်တစ်ပတ်လောက်နဲ့သိသာမှာမဟုတ်ပါဘူး။ နှစ်ပတ်လောက်ဆိုရင်တော့နည်းနည်းသိသာလာပါလိမ့်မယ်။ အစားအသောက်တွေ ၊လေ့ကျင့်ခန်းတွေပုံမှန်အတိုင်းလုပ်ပြီး နောက်တစ်ပတ်ထပ်ပြီးတိုင်းကြည့်ပါ။ပြောင်းလဲမှုကိုမြင်တွေ့ ရပါလိမ့်မယ်။

အဆီကျပြီးကျန်းမာကျစ်လစ်တဲ့ခါးလှလှလေးပိုင်ဆိုင်ချင်တယ်ဆိုရင် ဒီနည်းလမ်းလေးတွေအတိုင်းလုပ်ကြည့်နော်။

 

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.