လူတိုင်း စုံထောက်ဇာတ်လမ်းတွေကို သဘောကျတယ်ဟုတ် ! စိတ်ဝင်စားစရာအမှုတွေကို ရဲသားတွေစုံစမ်းတဲ့အခါ တရားခံကဘယ်သူလဲဆိုပြီး သိချင်တဲ့စိတ်က လူတိုင်းမှာရှိပါတယ် ။ ကလေးဘဝတုန်းကဆိုစုံထောက်ဝတ္တုတွေဖတ်ပြီးတော့ ကြီးလာရင်စုံထောက်ကြီးလုပ်မယ်လို့တောင် စိတ်ကူးယဉ်ဖူးကြတယ်မလား ?
အောက်ဖော်ပြပါ ဇာတ်လမ်းလေးတစ်ပုဒ်မှာ ပေးထားတဲ့ အရိပ်မြွက်လေးတွေကို စပ်ဆက်တွေးပြီး ဘယ်သူက တရားခံလဲဆိုတာ အဖြေရှာကြရအောင်!
လူသတ်မှု
တနင်္ဂနွေနေ့ ညနေပိုင်းမှာ George Smith အသတ်ခံရချိန် သူ့ရဲ့အိမ်မှာ လူ (၅)ယောက်ရှိနေခဲ့တယ်။ George Smith မိန်းမ ၊ စားဖိုမှူး ၊ ဘဏ္ဍာစိုး ၊ အိမ်အစေခံ နဲ့ ဥယျာဉ်မှူး တို့ဖြစ်တယ်။ အဲ့ဒီညနေက သူတို့ဘာလုပ်နေလဲလို့ စုံထောက် Stevens ကမေးတော့ –
– Mrs. Smith က မီးဖိုနားမှာ စာအုပ်ဖတ်နေတယ်
– စားဖိုမှူးကတော့ မနက်စာလုပ်နေတယ်
– ဘဏ္ဍာစိုးကတော့ အလုပ်သမားတွေကို ဧည့်ခန်းမှာ တာဝန်ကိုယ်စီခွဲပေးနေတယ်
– အိမ်အစေခံက ပန်းကန်တွေဆေးနေတယ်
– ဥယျာဉ်မှူးက ပန်းပင်တွေရေလောင်းနေတယ်
သူတို့ပြောတာတွေ နားထောင်ပြီးနောက် စုံထောက်က လူသတ်သမားကို
ဖမ်းလိုက်တယ်။ ဘယ်သူက လူသတ်သမားဖြစ်မလဲ? Stevens က
ပြစ်မှုကျုးလွန်သူကို ဘယ်လိုရှာလိုက်တာလဲ ? အဖြေကို ကြည့်လိုက်ပါဦး
လူသတ်သမားက – စားဖိုမှူးပါ။ လူသတ်မှုက ညနေမှာဖြစ်ပွားခဲ့တာ…ဒါပေမယ့် သူက အဲ့ဒီအချိန် မနက်စာလုပ်နေတယ်ပြောခဲ့တယ်မလား ?
သန်းကြွယ်သူဌေးကြီး အသတ်ခံရမှု
သန်းကြွယ်သူဌေးကြီး အိမ်မှာရှိနေစဉ် နဖူးကနေ သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်။ စုံထောက်က သူ့ရဲ့သားသုံယောက်ဖြစ်တဲ့ Jack, John နဲ့ James တို့နဲ့စကားပြောတယ်။ သူဌေးကြီးအသတ်ခံရချိန်မှာ သူတို့သုံးယောက်လုံးအိမ်မှာရှိနေခဲ့တယ်။
– Jack ပြောတာက အဲ့ဒီညက သူဌေးကြီးရယ်၊ John ရယ်နဲ့ သူ အစည်းအဝေးတစ်ခု တက်ရောက်ခဲ့တယ်လို့သိရပါတယ်။ သူတို့အိမ်ကိုရောက်တော့ ဧည့်ခန်းထဲဝင်ချိန်မှာ သူတို့အဖေက အရင်ဝင်သွားတယ်။ ပြီးမှ John နဲ့ Jack လိုက်ဝင်ခဲ့တယ်။ သူဌေးကြီး လှေကားပေါ်တက်ချိန် James က ဧည့်ခန်းထဲဝင်လာပြီး သူ့အဖေကိုပစ်သတ်ခဲ့တယ်။
– Johnကလည်း Jack ပြောတဲ့အတိုင်းပါတဲ့
– James က အဲ့ဒီညမှာ သူငယ်ချင်းတွေနဲ့အလည်သွားနေပြီး အိမ်ရောက်တော့ အဖေဖြစ်သူက သေနေပြီလို့ဆိုပါတယ်။
စုံထောက်ကလည်း ဘယ်သူလူသတ်သမားလဲဆိုတာ သဘောပေါက်သွားတယ်။ Stevens ဒီအမှုကို ဘယ်လိုဖြေရှင်းလိုက်တာများလဲ ?လူသတ်သမားက –
Jack နဲ့ John လိမ်ခဲ့တာပါ။ James က သူ့အဖေကိုသတ်မယ်ဆိုရင် သူအပေါ်ကိုပြေးတက်ချင်တဲ့အတွက် သေနတ်ဒဏ်ရာက အနောက်ကုတ်ပိုးမှာပဲရှိနေရမှာပါ။
ထွက်ပြေးသွားတဲ့ လူသတ်သမား
ဒီတစ်ခါက ထွက်ပြေးသွားတဲ့ လူသတ်သမားကို စုံထောက်က လိုက်လံဖမ်းဆီးမှာဖြစ်ပါတယ်။ ပြစ်မှုကျုးလွန်သူဟာ ဖော်ပြပါပုံထဲမှ တစ်အိမ်,အိမ်မှာ ပုန်းနေမယ်ဆိုတာ စုံထောက်သိတယ်။ ဒါပေမယ့် တိကျတဲ့လိပ်စာကို သူသိမှ ပြစ်မှုကျူးလွန်သူထွက်ပြေးလို့မရမှာပေါ့။ အရင်ဆုံး drone နဲ့ အိမ်သုံးအိမ်ကို ဓာတ်ပုံရိုက်ယူလိုက်တယ်။
ဓာတ်ပုံကိုကြည့်တဲ့အခါ လူသတ်သမားဘယ်အိမ်မှာ ပုန်းနေလဲဆိုတာ သူသိသွားတယ်။ သူဘယ်လိုရှာတွေ့ခဲ့တာလဲ ? သင်တို့ရော ဘယ်အိမ်လို့ထင်လဲ ? လူသတ်သမား ပုန်းနေတဲ့ အိမ်က –
လူသတ်သမားက အိမ်အမှတ် A မှပုန်းနေတာပါ။ ကားကို လမ်းမတဲ့နီးတဲ့နေရာမှာ ပါကင်ထိုးထားတာဆိုတော့ အမြန်ထွက်ပြေးလို့ရတာပေါ့။
ရိုမန်တစ် ခရီးစဉ်
Mr. နဲ့ Mrs. Clyde တို့ တောင်ပေါ်ခရီးအတူတူသွားကြတယ်။ ဒါပေမယ့်
၂ရက်ကြာတော့ Mr. Clyde တစ်ယောက်ပဲ အိမ်ကိုပြန်ရောက်လာတယ်။
သူရဲစခန်းသွားပြီးတော့ Mrs. Clyde တောင်ပေါ်ကပြုတ်ကျသေပြီလို့
အကြောင်းကြားတယ်။
နောက်တစ်နေ့ စုံထောက်က Mr. Clyde အိမ်ကိုသွားပြီး သူ့မိန်းမကို
သတ်မှုနဲ့ ဖမ်းဆီးခဲ့ပါတယ်။ Mr. Clyde လည်း စိတ်ရှုပ်ပြီး သူ့ကိုဘာလို့ဖမ်း
တာလဲလို့ မေးတော့ စုံထောက်က travel agent ကိုခေါ်ပြီး
သူသိချင်တဲ့ အချက်လက်တွေမေးမြန်းခဲ့တယ်လို့ပြောပါတယ်။
travel agent က ဘာပြောခဲ့လဲဆိုတော့..
” Mr. Clydeက အသွားလက်မှတ်ကို လက်မှတ်နှစ်ယောက်စာဝယ်ထား
ပေမယ့် အပြန်ကိုတော့ တစ်ယောက်စာပဲဝယ်ထားတယ်” လို့ သိရပါတယ်။
သင်တို့ရော တရားခံရှာနိုင်ရဲ့လား? ထင်မြင်ချက်လေးတွေကို ကွန့်မန်မှာရေးပေးခဲ့ဦးနော် !