အဆီပြန်တဲ့အသားအရည်ပေါ်က ၀က်ခြံပြဿနာကိုဘယ်လိုဖြေရှင်းကြမလဲ?

အဆီပြန်တဲ့အသားအရည်ပိုင်ရှင်တွေရဲ့ မျက်နှာဟာဝက်ခြံဖြစ်လွယ်သလို ပျောက်ကင်းဖို့ လဲခက်ပါတယ်။အဆီပြန်တာက ချွေးပေါက်ကျယ်လို့ဖြစ်တာကြောင့် ၀က်ခြံတွေကလည်း အမြစ်မပြတ်နိုင်ပဲပျောက်လိုက်ထွက်လိုက်ဖြစ်နေတတ်ပါတယ်။အဲ့ဒီပြဿနာအတွက်အလွယ်ကူဆုံးနဲ့အထိရောက်ဆုံးနည်းလမ်းလေးတစ်ခုကိုပြောပြပေးချင်ပါတယ်။ဒီနည်းလမ်းလေးက မျက်နှာအဆီပြန်တာလည်းသက်သာစေပြီးဝက်ခြံအမာရွတ်တွေကိုပါပျောက်ကင်းစေပါတယ်။

လိုအပ်တဲ့ပစ္စည်းတွေကတော့

သံပုရာသီး

ပျားရည်

သန့်ရှင်းတဲ့ခွက်တစ်လုံးထဲကိုသံပုရာသီးကိုစိတ်ပြီးအရည်ညှစ်ချလိုက်ပါ။ပြီးရင် ပျားရည်နဲ့ဆတူရောစပ်ပြီးခပ်ပျစ်ပျစ်လေးရအောင်လုပ်ပါ။ရောစပ်ပြီးတဲ့အရည်ကို ဂွမ်းလုံးလေးနဲ့ဆွတ်ပြီးဝက်ခြံရှိတဲ့နေရာလေးမှာ ဖြည်းဖြည်းချင်းတို့ပေးပါ။

မိနစ် ၂၀လောက်ထားပြီးရင်တော့ ရေအေးအေးလေးနဲ့ဆေးချပေးပါ။ မျက်နှာအဆီပြန်တာတွေသက်သာသွားပြီးဝက်ခြံအရောင်ကျသွားတာကိုမြင်တွေ့ရမှာပါ။ ဒီနည်းလမ်းလေးကိုတစ်ပတ် သုံးကြိမ်လုပ်ပေးနိုင်ပါတယ်။အဆီပြန်တဲ့အသားအရည်မှာ ၀က်ခြံဖြစ်တဲ့သူတွေအတွက် လွယ်ကူပြီးအသုံးဝင်တဲ့သဘာဝနည်းလမ်းလေးဖြစ်တာကြောင့် မျက်နှာအရေပြားထိခိုက်မှာမစိုးရိမ်ရပါဘူး။ဒါပေမဲ့ အရေပြားအရမ်းပါးတဲ့သူဆိုရင်တော့ သံပုရာရည်ကိုနည်းနည်းလျှော့လုပ်ဖို့အကြံပေးချင်ပါတယ်။

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.