ဆံကေသာအလှအပအတွက်မမေ့သင့်တဲ့ သဘာဝပျော့ဆေးများ

ဆံကေသာအလှအပအတွက်မမေ့သင့်တဲ့သဘာဝပျော့ဆေးများ

ဆံပင်တွေကြမ်းတမ်းနေလို့စိတ်ညစ်နေပါသလား?ငွေကုန်ကြေးကျလည်းမများပဲ ဆံနွယ်တွေလှပကြော့ရှင်းစေမယ့်သဘာဝပျော့ဆေးတွေရှိပါတယ်။ နည်းလမ်းကလည်းလွယ်ကူတာကြောင့် မြန်မြန်လေးလုပ်လိုက်တော့နော်။

၁။မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါက ဆံကေသာတွေကို နူးညံ့စေပြီးကြမ်းတမ်းတဲ့ဆံပင်သားတွေကို ဖယ်ရှားပေးပါတယ်။ခေါင်းလျှော်တဲ့အခါ မုန့်ဖုတ်ဆိုဒါစားပွဲတင်ဇွန်းတစ်ဇွန်း ကိုထည့်ပြီးလျှော်ပါ။သင့်ရဲ့ ဆံပင်သားကိုနူးညံ့ကောင်းမွန်စေပြီးတောက်ပစေပါတယ်။

၂။ဘီယာ

ဘီယာက သောက်လို့လည်းရသလို ဆံပင်အတွက်လည်းအသုံးဝင်တယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။ရေနွေးဖန်ခွက်တစ်ခွက်ထဲမှာ ဘီယာ စားပွဲတင်ဇွန်း ၃ဇွန်းရောထည့်ပါ။ခေါင်းလျှော်ပြီးသွားရင် အဲ့ဒီအရည်နဲ့ဆံပင်သားအနံှ့လောင်းပါ။ ၁၅မိနစ်လောက်ကြာရင်ရေဆေးချလိုက်လို့ရပါပြီ။

၃။ထောပတ်

ဆံပင်အရောင်တွေခြောက်သွေ့ပြီးကြမ်းတမ်းနေတယ်ဆိုရင်ထောပတ်ကိုသုံးလို့ရပါတယ်။ ထောပတ်ကသင့်ရဲ့ ခြောက်သွေ့တဲ့ဆံပင်သားကိုနူးညံ့ပျော့ပျောင်းစေပါတယ်။ ပထမဆုံးထောပတ်အနည်းငယ်ကိုယူပြီးဆံပင်တွေကိုသုတ်လိုက်ပါ။နာရီဝက်လောက်ခေါင်းစွပ်အုပ်ထားပြီးမှ ခေါင်းလျှော်ရည်နဲ့ပြန်လျှော်ပေးပါ။တစ်ပတ်ကိုတစ်ခါလုပ်ပေးရုံနဲ့ သိသာထင်ရှားလာတာကိုမြင်ရပါလိမ့်မယ်။

၎။မုယောနိစ်

မုယောနိစ်ကသင့်ဆံပင်သားရောဦးရေပြားအတွက်ပါကောင်းမွန်စေပါတယ်။ မုယောနိစ်အနည်းငယ်ကိုယူပြီးဆံပင်အနှံ့သုတ်ပါ။ပြီးရင်ခေါင်းစွပ်စွပ်ထားပြီး ၁၅မိနစ်လောက်ထားပါ။၁၅မိနစ်ပြည့်ရင်ခေါင်းပြန်လျှော်လို့ရပါပြီ။

၅။သံလွင်ဆီ

သံလွင်ဆီကလည်း ဆံပင်ကောင်းမွန်စေဖို့အထောက်အကူပြုပါတယ်။တခြားဆီတွေထက် ခြောက်သွေ့ကြမ်းတမ်းတဲ့ဆံပင်အတွက် အများကြီးအကျိုးသက်ရောက်မှုရှိစေပါတယ်။သံလွင်ဆီကို အနည်းငယ်အပူပေးပြီး ဆံပင်မှာလိမ်းပါ။ဆံပင်အရင်းရောက်တဲ့အထိဖြည်းဖြည်းချင်းနှိပ်နယ်ပေး ပါ။ပြီးရင်ခေါင်းစွပ်စွပ်ထားပါ။အပေါ်ကနေ ရေနွေးနွေးလေးဆွတ်ထားတဲ့သဘက်နဲ့ပတ်ထားပေးပြီး ၄၅မိနစ်ထားပါ။၄၅မိနစ်ပြည့်ရင်တော့ခေါင်းလျှော်ချလို့ရပါပြီ။

၆။အက်စ်ပရင်

အက်စ်ပရင်ဆေးပြား ၆ပြားလောက်ကိုရေနွေးတစ်ခွက်နဲ့ရောပြီး ဆံပင်သားတွေကိုလိမ်းပါ။ ၁၅မိနစ်လောက်ထားပြီးရင်ရေဆေးချပါ။အက်စ်ပရင်က သင့်ဆံပင်သားကို နူးညံ့ပျော့ပျောင်းစေပြီး ဗောက်လည်းသေစေပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.