အဲဗာတန်ကို ရှုံးတဲ့ပွဲမှာ အ၀ါ(၅)ကတ်ပြည့်သွားလို့ နယူးကာဆယ်နဲ့ ပွဲ ပါဝင်ခွင့်မရှိတော့တဲ့ ၀ိန်းရူနီ

article-2518225-19d8940b00000578-803_634x437.jpg

ဒီနေ့မနက်အစောပိုင်းက အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ကစားသွားခဲ့တဲ့ပွဲစဉ်မှာ အိမ်ရှင်မန်ယူအနေနဲ့ အဲဗာတန် အသင်းကို တစ်ဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်သွားခဲ့တာကြောင့် လွန်ခဲ့တဲ့(၂၁)နှစ်အတွင်း အဲဗာတန်ကို အိမ်ကွင်းမှာ ပထမ ဆုံးအကြိမ်အဖြစ် ရှုံးခဲ့ခြင်းအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်ပါတယ်။ ဒီရှုံးပွဲကြောင့်  လက်ရှိချန်ပီယံမန်ယူဟာ ဇ ယားထိပ်မှာ ဦးဆောင်လျက်ရှိတဲ့ အာဆင်နယ်နဲ့ (၁၂)မှတ်ထိ ပြတ်သွားခဲ့ပြီဖြစ်လို့ ချန်ပီယံဆုကို ကာကွယ်နိုင် ဖို့ဆိုတာထက် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ကို မနည်းကြိုးစားရမယ့် အနေအထားဖြစ်သွားခဲ့ရပါပြီ။ မန်ယူအတွက်အ ထိနာစေခဲ့တဲ့ အခြားထိုးနှက်ချက်တစ်ခုကတော့ ၀ိန်းရူနီဟာ အဲဗာတန်နဲ့ပွဲမှာ အပြခံခဲ့ရတဲ့ အ၀ါကတ်နဲ့ဆိုရင် ဒီနှစ်ဘောလုံးရာသီမှာ အ၀ါ(၅)ကတ်ပြည့်သွားခဲ့တာကြောင့် အလိုအလျောက်တစ်ပွဲပယ်ခံလိုက်ရခြင်းပါပဲ။

ဒါကြောင့် နယူးကာဆယ်နဲ့ ကစားရမယ့် အိမ်ကွင်းပွဲစဉ်မှာ ပါဝင်ခွင့်မရှိတော့ပါဘူး။ ဒေးဗစ်မိုရက်စ်အနေနဲ့ မန် ယူအသင်းကို ဖာဂူဆန်ဆီကနေ လွဲပြောင်းရယူနိုင်ခဲ့ပြီးတဲ့နောက်ပိုင်း အခြေအနေတိုးတက်မလာခဲ့ဘဲ တစ်စစ နဲ့ဆိုးဝါးလာနေခြင်းဟာ တကယ့်ကိုစိုးရိမ်စရာအနေအထားပဲဖြစ်ပါတယ်။ အဲဗာတန်ပရိသတ်များဟာ မိုရက်စ် ကို “ဒေးဗစ်မိုရက်စ်ရေ ခင်ဗျားကြည့်နေလား။ ဘာမှမပူပါနဲ့ မနက်ကျရင် ခင်ဗျားအလုပ်ဖြုတ်ခံရတော့မှာပါ။ အိုး . .ဒေးဗစ်မိုရက်စ်ဆိုတာ စိတ်ပျက်စရာအပြည့်နဲ့ပါလားနော်” လို့ လှောင်ပြောင် အော်ဟစ်နေခဲ့ကြခြင်းက သူ့ရဲ့ အနာဂတ်အစစ်အမှန်များဖြစ်လာမလားဆိုတာကတော့ . . . . . . ။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.