နာမည်ကျော်အနုပညာရှင်တွေဖြစ်ကြတဲ့ Hyun Bin နဲ့ Kang So Ra တို့စုံတွဲဟာ တစ်နှစ်ကျော်လက်တွဲခဲ့ကြပြီးနောက် လမ်းခွဲလိုက်ကြပြီလို့ ဒီဇင်ဘာ ၈ရက်နေ့က ပြည်ပမီဒီယာတစ်ခုကနေ ဖော်ပြထားခဲ့ပါတယ်။
သူတို့စုံတွဲဟာ တစ်ယောက်နဲ့တစ်ယောက်တွေ့ဆုံဖို့တောင်အချိန်မရှိလောက်အောင် ရုပ်ရှင်အချိန်ဇယားတွေပြည့်နေတာမို့ လမ်းခွဲဖို့ဆုံးဖြတ်ခဲ့ကြတာလို့သိရပါတယ်။ သူတို့နှစ်ယောက်နဲ့ရင်းနှီးတဲ့သူငယ်ချင်းတစ်ယောက်က “သူတို့နှစ်ယောက်ဟာ ချစ်သူတွေဆိုပေမဲ့ အချိန်မပေးနိုင်တဲ့အတွက် သိပ်ပြီးရင်းနှီးချစ်ခင်မှုမရှိကြပါဘူး။စကားလည်းအများကြီးမပြောဖြစ်၊ မတွေ့ဖြစ်ကြပါဘူး။ပြီးတော့ တခြားစုံတွဲတွေလို ပွဲတွေလည်းအတူတူတက်လေ့မရှိပါဘူး။ အဲ့ဒါကြောင့် အခုမှလမ်းခွဲကြောင်းကြေညာခဲ့ပေမဲ့ သူတို့ရဲ့ သူငယ်ချင်းတွေအားလုံးကတော့ သူတို့နှစ်ယောက်က လမ်းခွဲခဲ့ကြပြီးပြီ ဆိုတာသိပြီးသားပါ”လို့ ပြောပြခဲ့ပါတယ်။
Hyun Bin တို့စုံတွဲနဲ့ပတ်သက်ပြီး Hyun Bin ရဲ့ အေဂျင်စီဖြစ်တဲ့ VAST အင်တာတိန်းမန့်က “ကျွန်တော်တို့လည်းလမ်းခွဲကြတဲ့အကြောင်းနဲ့ပတ်သက်ပြီးမသိခဲ့ပါဘူး။ဒါပေမဲ့ ကျွန်တော်တို့ Hyun Bin နဲ့စကားပြောဆိုဆွေးနွေးပြီးမှ လမ်းခွဲတဲ့သတင်းကိုကြေညာခဲ့တာပါ” လို့ပြောခဲ့ပါတယ်။
သူတို့စုံတွဲဟာ ၂၀၁၆အောက်တိုဘာမှာစတွဲခဲ့တာဖြစ်ပြီး သူတို့ရဲ့ ချစ်သူဆက်ဆံရေးကို ၂၀၁၆ ဒီဇင်ဘာမှာ ပရိသတ်တွေကိုအသိပေးခဲ့တာဖြစ်ပါတယ်။အခု လမ်းခွဲလိုက်ကြပြီိဆိုတဲ့ သတင်းကြောင့် ပရိသတ်တော်တော်များများက စိတ်မကောင်းဖြစ်နေကြတယ်လို့သိရပါတယ်။