သင်ဟာ အမြင်ဆန်းပြီး ဒီဇိုင်းလန်းတာတွေကို စိတ်ဝင်စားသူလား ? ဒါဆို ဒီနည်းလမ်းကိုလည်း သင်သဘောကျလိမ့်မယ်လို့ထင်ပါတယ်။ အိမ်ကိုအလှဆင်ဖို့ စိတ်ဝင်စားသူဆို ပိုအကြိုက်တွေ့မှာပါ။ လွယ်ကူရိုးရှင်း၊ အချိန်ကုန်သက်သာတဲ့ ဒီနည်းလမ်းက အိမ်မှာလည်းကိုယ်တိုင်လုပ်လို့ရတယ်နော်။ သာမန်ဓာတ်ပုံတစ်ပုံကနေ သစ်သားဓာတ်ပုံတစ်ခုကိုဘယ်လိုပြောင်းလဲ..ဗီဒီယိုထဲမှာကြည့်ရအောင် !လိုအပ်တဲ့ ပစ္စည်းတွေကို နီးစပ်ရာ ဆိုင်တွေမှာဝယ်လို့ရပါတယ်။
ကိုယ်လုပ်ချင်တဲ့ ဓာတ်ပုံဆိုဒ်အတိုင်း သစ်သားတုံးတစ်ခုလိုမယ်
သစ်သားတုံးကို gel medium နဲ့အရင်သုတ်မယ်
ဓာတ်ပုံကို သစ်သားတုံးပေါ်မှာကပ်လိုက်မယ်
တစ်ညလောက် အခြောက်ထားလိုက်
အပေါ်ကို ရေစိုဝတ်နဲ့သုတ်လိုက်ပါ
ကွာလာတဲ့ စက္ကူစတွေကို ဖြည်းဖြည်းချင်းဖယ်ပါ
စက္ကူအဖြူတွေ ကုန်သည်ထိ ဖယ်ရှားပေးပါ
နောက်ဆုံးအဆင့်ကို mod podge သုတ်ပေးပါ။ ရပါပြီ။
လုပ်ပုံလုပ်နည်း အပြည့်စုံကို ဗီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။