ဆွဲဆောင်မှုရှိတဲ့မျက်တောင်ကော့ကော့ရှည်ရှည်လေးတွေကို ၃ရက်အတွင်း ပိုင်ဆိုင်ချင်ပါသလား?

လူတိုင်းဟာ မွေးကတည်းက အားလုံးမပြည့်စုံ၊မလှပနိုင်ပေမဲ့ လှပအောင်တော့ကြိုးစား ခွင့်ရှိပါတယ်။တစ်ယောက်တစ်မျိုးစီအလှတရားရှိကြသလို လှပတဲ့ မျက်တောင်ကော့ကော့ ရှည်ရှည်လေးတွေ မလိုချင်ကြတဲ့သူဆိုတာရော ရှိပါ့မလား။မျက်လုံးဆိုတာစိတ်ရဲ့ ပြတင်းပေါက်ပဲလို့ ပြောကြပါတယ်။ အဲ့ဒီမျက်လုံးက လှပပြီးဆွဲဆောင်မှုရှိနေဖို့လည်း လိုအပ်တယ်နော်။အဲ့ဒါကြောင့် သုံးရက်အတွင်းမျက်တောင်ရှည်လျားစေမယ့်နည်းလမ်းကောင်းလေးတစ်ခုပြောပြချင်ပါတယ်။

လိုအပ်တဲ့ပစ္စည်းတွေကတော့…

ဗာဒံဆီစားပွဲတင်ဇွန်း ၁ဇွန်း

ပျားရည် လက်ဖက်ရည်ဇွန်း ၁ဇွန်း

ပထမဆုံး ဗာဒံဆီနဲ့ပျားရည်ကိုရောပြီးပျစ်ပျစ်လေးရတဲ့အထိမွှေလိုက်ပါ။ ခပ်ပျစ်ပျစ်လေးဖြစ်သွားပြီဆိုရင် ဘူးအလွတ်အဟောင်းထဲကိုထည့်ပြီး မျက်တောင်ကော့တံအဟောင်းလေးနဲ့ မွှေထားတဲ့အရည်တွေကိုယူပြီး မျက်တောင်ကိုကော့ပေးပါ။ညအိပ်ရာဝင်ခါနီးလုပ်ပေးပြီးတစ်ညလုံးထားပေးပါ။ သုံးရက်ဆက်တိုက်ဒီနည်းလမ်းလေးကိုလုပ်ကြည့်မယ်ဆိုရင် ထူးခြားလာတာ ကိုမြင်တွေ့ရပါလိမ့်မယ်။လှပတဲ့မျက်ဝန်းတစ်စုံကိုပိုင်ဆိုင်ရဖို့ ဒီနည်းလမ်းလေးကိုလုပ်ကြည့်ဖို့မမေ့နဲ့နော်။

436 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.