ဆယ်ကျော်သက်အရွယ်ချစ်သူချာတိတ်မလေးတွေပျော်ရွှင်သွားစေမယ့် လက်ဆောင်ပေးချင်ရင်…

ချာတိတ်မလေးကိုချစ်သူတော်ထားရင်၊ဒါမှမဟုတ် ကိုယ်ကြိုက်နေတဲ့မိန်းကလေးက ဆယ်ကျော်သက်အရွယ်ပဲရှိသေးတယ်ဆိုရင် ဒီလိုလက်ဆောင်လေးတွေနဲ့ပျော်ရွှင်အောင်၊ ကိုယ့်အပေါ်အမြဲသဘောကျနေအောင် ဖန်တီးပေးလို့ရပါတယ်။

၁။အရုပ်

အရွယ်သုံးပါးမရွေးမိန်းကလေးတိုင်း အရုပ်ကိုနှစ်သက်ကြပါတယ်။ ဆယ်ကျော်သက် အရွယ်လေးတွေ ဆိုရင်တော့ ပိုဆိုးပေါ့။သူတို့က တစ်ခန်းလုံးအပြည့်အရုပ်တွေ ထားချင်ကြတာ။ အဲ့ဒါကြောင့်ဆယ်ကျော်သက်အရွယ်ချစ်သူမိန်းကလေးတွေကိုလက်ဆောင်ပေးချင်တယ်ဆိုရင် အရုပ်ကိုရွေးချယ်တာမမှားပါဘူး။

၂။ဖန်စီပစ္စည်း

သူမက ဖက်ရှင်ဆန်းဆန်းပြားပြားတွေနှစ်သက်တတ်တဲ့လူတစ်ယောက်ဆိုရင် နောက်ဆုံးပေါ်ဖက်ရှင်ဖန်စီပစ္စည်းလေးတွေကို လက်ဆောင်ပေးလိုက်ပါ။ မွေးနေ့လက်ဆောင်ပေးရင် လည်း အမြင်လှသလို သူမအတွက်လည်း လှပစေပါတယ်။ဆယ်ကျော်သက်အရွယ်ဖြစ်လို့ တခြားမိန်းကလေးတွေထက် လှချင်ပချင်စိတ်လေးတွေရှိကြပါတယ်။အဲ့ဒါကြောင့်ဖန်စီပစ္စည်းရွေးချယ်ရင်လည်း ချစ်စရာကောင်းတဲ့ပစ္စည်းလေးတွေရွေးချယ်တတ်ဖို့လိုပါတယ်။

၃။နာရီ

နာရီကလည်း ချာတိတ်မလေးတွေသာမကလူငယ်ရော လူကြီးရောသဘောကျကြပါတယ်။ နာရီလေးပတ်ထားရင်အလိုလိုစမတ်ကျနေသလိုခံစားရတာကြောင့်ဆယ်ကျော်သက်အရွယ်ကလေးမလေးကို လက်ဆောင်ပေးချင်ရင် နာရီလှလှလေးတစ်လုံးလက်ဆောင်ပေးလိုက်ပါ။ အခုခေတ်မှာလည်းဈေးနှုန်းသင့်တင့်တဲ့နာရီဒီဇိုင်းလှလှလေးတွေအများကြီးပါပဲ။ကိုယ့်ဘာသာဝယ်နိုင်ပေမဲ့တခြားသူတစ်ယောက်ကလက်ဆောင်ပေးရင် ပျော်ရွှင်တတ်တဲ့ အရွယ်တွေဖြစ်လို့နာရီကလည်း လက်ဆောင်ပေးရင်ရွေးချယ်သင့်တဲ့အရာတစ်ခုပါ။

၎။ဖိနပ်

ချစ်သူချာတိတ်မလေးက မိန်းကလေးဆန်ဆန်နေတတ်တယ်ဆိုရင် ဖိနပ်လှလှလေး လက်ဆောင်ပေးရင် လုံးဝသဘောကျသွားမှာနော်။ဒေါက်ဖိနပ်လှလှလေးတစ်ရံက ဆယ်ကျော်သက်အရွယ်မိန်းကလေးတွေရဲ့ စိတ်ကိုဖမ်းစားနိုင်တဲ့လက်ဆောင်တစ်ခုပါပဲ။

၅။ပိုက်ဆံအိတ်

ဆယ်ကျော်သက်အရွယ်မိန်းကလေးတွေမှာ ပိုက်ဆံအိတ်လှလှလေးတစ်လုံးတော့ ရှိသင့်ပါတယ်။အရောင်လှလှ၊ ဒီဇိုင်းဆန်းဆန်းလေးပေါ့။ပိုက်ဆံအိတ်ကလည်း လက်ဆောင်ပေးမယ်ဆိုရင်အမြင်လှပြီး မိန်းကလေးတိုင်းသဘောကျကြတဲ့လက်ဆောင်တစ်ခုပါ။

၆။မိတ်ကပ်ပစ္စည်း

မိတ်ကပ်ပစ္စည်းဆိုတာ ဆယ်ကျော်သက်အရွယ်မိန်းကလေးတွေကို အဆွဲဆောင်နိုင်ဆုံး ပစ္စည်းတစ်မျိုးပါ။ညီမလေးတွေကိုလက်ဆောင်ပေးချင်ရင်လည်းရသလို အသိတွေကို လက်ဆောင်ပေးရင်လည်းမျက်နှာပန်းလှစေပါတယ်။ချစ်သူချာတိတ်မလေးကိုပေးမယ်ဆိုရင်တော့ ကိုကို ကိုကိုနဲ့ဖြစ်နေမှာနော် 😛 ဘယ်မိန်းကလေးမဆို ကိုယ့်အပေါ်အလေးထားတဲ့သူကို ပိုပြီးအားကိုးချစ်ခင်ကြပါတယ်။အဲ့ဒါကြောင့်ဈေးနှုန်းသင့်တင့်တဲ့မိတ်ကပ်ပစ္စည်းအစစ်အမှန်ကို ရွေးချယ်ပြီး လက်ဆောင်ပေးဖို့မမေ့နဲ့နော်။

၇။အိမ်မွေးတိရစ္ဆာန်

ခွေးလေးတွေ၊ကြောင်လေးတွေဆိုတာ ဆယ်ကျော်သက်အရွယ်တင်မကဘူး ၊မိန်းကလေးတိုင်း လိုချင်ကြပါတယ်။ခွေးလေးတွေ၊ကြောင်လေးတွေက သူတို့နားမှာအမြဲတမ်းရှိနေလို့ တစ်ယောက်တည်းအထီးကျန်နေတာမျိုးမဖြစ်စေပါဘူး။ဆယ်ကျော်သက်အရွယ်ချစ်သူ မိန်းကလေးတွေကို အမြဲပျော်ရွှင်အောင်လုပ်ပေးနိုင်တဲ့သက်ရှိလက်ဆောင်လေးတွေပါ။

 

132 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.