အုန်းဆီနဲ့မုန့်ဖုတ်ဆိုဒါကိုရောစပ်ပြီး မျက်နှာအသားအရေထိန်းသိမ်းကြမယ်

မျက်နှာအသားအရေကာကွယ်ထိန်းသိမ်းတဲ့နည်းလမ်းတွေကများလို့တစ်ခါတစ်လေ ဘယ်ဟာလုပ်လို့ လုပ်ရမှန်းမသိဖြစ်တတ်ပါတယ်။အဲ့ဒါကြောင့်အလွယ်ဆုံး နည်းလမ်းလေး တစ်ခုကိုပြောပြပေးသွားမှာပါ။အုန်းဆီနဲု့မုန့်ဖုတ်ဆိုဒါက တစ်ခုချင်းစီလည်း အသုံးဝင်သလို နှစ်ခုရောသုံးတော့လည်း အသုံးဝင်နေပါတယ်။အုန်းဆီနဲ့မုန့်ဖုတ်ဆိုဒါသုံးပြီးမျက်နှာအသားအရေကို ထိန်းသိမ်းဖို့ ဖတ်ကြည့်လိုက်ပါဦး။

၁။မျက်နှာအတွင်းပိုင်းထိသန့်စင်ပေးတယ်

အုန်းဆီနဲ့မုန့်ဖုတ်ဆိုဒါရောစပ်သုံးတာက မျက်နှာအရေပြားအတွင်းပိုင်းအထိသန့်စင်ပေးပြီး အစိုဓာတ်ကိုထိန်းသိမ်းပေးနိုင်ပါတယ်။မုန့်ဖုတ်ဆိုဒါက အသားအရေကိုချေးချွတ်ပေးပြီး အုန်းဆီမှာပါဝင်တဲ့ဓာတ်ပစ္စည်းတွေက မျက်နှာအသားအရည်ကိုကောင်းမွန်စေပါတယ်။ အုန်းဆီနဲ့မုန့်ဖုတ်ဆိုဒါကို စားပွဲတင်ဇွန်းတစ်ဇွန်းစာစီရောစပ်လိုက်ပါ။ပြီးရင် မျက်နှာအနှံ့ ကိုဖြည်းဖြည်းချင်း ၁မိနစ်လောက်ပွတ်ပေးပြီး ၅မိနစ်လောက်အခြောက်ခံထားပါ။ခ ဏနေရင် ရေနွေးနွေးလေးနဲ့ဆေးကြောသန့်စင်လို့ရပါပြီ။တစ်ပတ်ကိုသုံးရက်လုပ်ပေးနိုင်ပါတယ်။ချွေးပေါက်ကျယ်တဲ့သူတွေလုပ်မယ်ဆိုရင်တော့ ရေနွေးနဲ့သစ်ပြီး ၅မိနစ်လောက်ကြာရင် ရေခဲရေအေးအေးလေးနဲ့ပြန်သစ်ပေးဖို့အကြံပေးချင်ပါတယ်။ရေနွေးကချွေးပေါက်တွေပွင့်စေလို့ ချွေးပေါက်ကျယ်တဲ့သူတွေက ရေအေးနဲ့ပြန်သစ်ပေးဖို့လိုပါတယ်။

၂။Pre Moisturizer အဖြစ်သုံးလို့ရတယ်

အုန်းဆီနဲ့မုန့်ဖုတ်ဆိုဒါကိုရောစပ်ပြီး Pre Moisturizer အဖြစ်သုံးပေးလို့ရပါတယ်။နှစ်ခုကို စားပွဲတင်ဇွန်းတစ်ဇွန်းစီဆတူရောစပ်ပြီးမျက်နှာနဲ့နှုတ်ခမ်းမှာလိမ်းပါ။၁၀မိနစ်လောက်ထားပြီး မျက်နှာကိုပြန်သန့်စင်ပေးပါ။မျက်နှာအတွင်းပိုင်းထိသန့်စင်ပေးပြီးစိုစွတ်စေတာကြောင့် ဒီနည်းလမ်းကိုတစ်ပတ်ကိုသုံးခါလုပ်ပေးပြီး သင့်ရဲ့အသားအရေဘယ်လောက်ပြောင်းလဲလာလဲ ဆိုတာကိုစောင့်ကြည့်နော်။

၃။အရွယ်တင်စေတယ်

အသက်ကြီးလာပေမဲ့ အရွယ်တင်နုပျိုနေတာကို ဘယ်သူကမှ မကြိုက်ပဲမနေပါဘူး။ ဈေးကြီးတဲ့ပစ္စည်းတွေသုံးတာကလည်း အကျိုးသက်ရောက်မှုရှိသလို သဘာဝပစ္စည်းတွေ သုံးတာကလည်း အသုံးဝင်ပါတယ်။အုန်းဆီနဲ့မုန့်ဖုတ်ဆိုဒါကို စားပွဲတင်ဇွန်းတစ်ဇွန်းစာစီ ဆတူရောစပ်ပြီး မျက်နှာကိုလိမ်းပါ။နာရီဝက်လောက်ထားပြီး ရေနွေးနွေးလေးဆွတ်ထားတဲ့ အ၀တ်စနဲ့ဖြည်းဖြည်းချင်းပွတ်ပေးပါ။သေချာလေးမျက်နှာကို နှိပ်နယ်ပေးပြီးရေအေးနဲ့ပြန်သစ်ပေးပါ။ အဲ့ဒါက သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး အရေးအကြောင်းတွေကိုလျော့နည်းစေပါတယ်။

၎။ဝက်ခြံအမာရွတ်ပျောက်ကင်းစေတယ်

ဆယ်ကျော်သက်အရွယ်တွေသာမက အသက်အရွယ်ဖြစ်တတ်တဲ့ဝက်ခြံပြဿနာကို ဒီနည်းလမ်းနဲ့ဖြေရှင်းနိုင်ပါတယ်။ဝက်ခြံက ချွေးပေါက်တွေထဲမှာအညစ်အကြေးတွေရှိနေလို့ ဘတ်တီးရီးယားတွေကနေတစ်ဆင့်ဖြစ်လာတာပါ။မုန့်ဖုတ်ဆိုဒါက ချွေးပေါက်ထဲထိသန့်စင်ပေးပြီး အုန်းဆီက ၀က်ခြံအမာရွတ်ပျောက်ကင်းစေတာမို့ နှစ်ခုရောစပ်ပြီးသုံးပေးရင် ၀က်ခြံကင်းဝေးပါ လိမ့်မယ်။အပေါ်ကနည်းလမ်းတွေလိုပဲ ဆတူရောစပ်ပြီး မျက်နှာကိုလိမ်းပေးပါ။ တစ်နာရီလောက်ထားပြီး မျက်နှာကိုဖြည်းဖြည်းချင်းနှိပ်နယ်ပေးပါ။တစ်ပတ်ကို သုံးခါလုပ်ပေးရင် ၀က်ခြံတွေပျောက်ကင်းသွားပြီးအသားအရည်ကြည်လင်ဝင်းပလာတာကိုမြင်ရပါလိမ့်မယ်။

၅။မျက်အိတ်ဖောင်းတာနဲ့မျက်ကွင်းညိုတာကိုလျှော့ချပေးတယ်

မျက်အိတ်ဖောင်းတာနဲ့မျက်ကွင်းညိုတာကို သခွားသီးနဲ့ကုသလို့ရတယ်ဆိုပေမဲ့ အုန်းဆီနဲ့မုန့်ဖုတ်ဆိုဒါလောက်မထိရောက်နိုင်ပါဘူး။အုန်းဆီနဲ့မုန့်ဖုတ်ဆိုဒါကို ဆတူရောစပ်ပြီး မျက်လုံးအောက်ဖက်မှာလိမ်းပေးပါ။၅မိနစ်လောက်ထားပြီးရင်ရေအေးနဲ့သန့်စင်ပေးပါ။တစ်ပတ်ကိုသုံးခါလုပ်ပေးရင်သိသာလာတာကိုမြင်ရပါလိမ့်မယ်။

 

332 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.