ကိုယ့်ကောင်လေးက ကိုယ့်အပေါ်တကယ်ချစ်၊ မချစ် ဒီအချက်တွေနဲ့သိနိုင်

ယောက်ျားလေးနဲ့ မိန်းကလေးတွေမှာ သူတို့ရဲ့ခံစားချက်ကို ထုတ်ဖော်ပြောရာမှာ အနည်းငယ်ကွဲပြားမှုလေးတွေရှိနေပါတယ်။ ပြောရရင် ကိုယ်ထင်ထားတာနဲ့ တကယ်ဖြစ်လာတာ လွဲနေတာပေါ့။ တစ်ချို့မိန်းကလေးတွေက နက်ပေမယ့် တစ်ချို့မိန်းကလေးတွေကျတော့လည်း သိပ်အကဲမခက်တတ်ဘူး။ သင့်ကို ချစ်သူကောင်လေးက တကယ် သဘောကျနေပြီလားဆိုတာ သိချင်ရင် ဒီအချက်တွေနဲ့ တိုက်ကြည့်လိုက်ပါ … ဟုတ်နေရင်တော့ …

သူက သင့်နဲ့ပတ်သတ်တဲ့အကြောင်းတွေ၊ အသေးမွှားကိစ္စက မှတ်မိနေတယ်ဆိုရင်တော့ သင်ပြောသမျှစကားလုံးတွေဟာ သူ့အတွက် အရေးကြီးနေလို့ပါ။သူသင့်ကို အမြဲနားစွင့်နေတယ်။ သင့်အနားမှာ သူအမြဲရှိနေချင်လို့ သင်အကူညီလိုတဲ့အခါ သူအသင့်ရှိနေတာကို သတိထားမိပြီလား ? ဒီလိုအပြုအမူမျိုးကရှားပေမယ့် တကယ်ချစ်ရင် သူ့အလိုလိုဖြစ်လာတာမျိုးပါ။

ယောက်ျားတစ်ယောက်ချစ်တတ်လာပြီဆို သူ့အမှား သူဝန်ခံလာတယ်။ သူချစ်တဲ့မိန်းမတစ်ယောက်ရဲ့ အတွေးမြင်ပေါ်လေးစားမှုရှိတယ်။ သူ့ရဲ့ပေါ့လျော့မှုအတွက် ပြန်တာဝန်ယူချင်စိတ်ရှိတယ်။

သင့်မိသားစုတွေနဲ့ သူတွေ့ဆုံတဲ့အခါ ကြောက်လန့်နေတာ၊ စိုးရိမ်နေတာမျိုး
မရှိဘဲ တရင်းတနှီး လက်လျောညီထွေနေပြပါလိမ့်မယ်။ သင်နဲ့ သူပိုနီးစပ်ဖို့
ရအတွက် မိဘတွေဆီမှာ ပိုပြီးအမှတ်ရထားသင့်တာကို သူကောင်းကောင်း
နားလည်တယ်လေ။ သင့်မိသားစုမှမဟုတ်ပါဘူး.. သင့်အသိုင်းဝိုင်းကလူတွေ
အားလုံးနဲ့ အဆင်ပြေအောင် သူနေတယ်ဆိုတာ သူသင့်ကိုချစ်လို့ပါ။

ယောက်ျားလေးတွေလည်း သူများက ကြည့်လိုက်တာနဲ့ သူတို့ဟာခန့်ပြီး ကြည့်ကောင်းနေတာမျိုးကိုလိုချင်ကြတယ်။ သူဘာဝတ်ရမလဲလို့ သင့်အမြင်ကို မေးလာတဲ့အခါ သူ့မျက်လုံးတွေကို သေချာကြည့် ကြည့်ပါ။ အဓိပ္ပာယ်တစ်မျိုးတော့မြင်ရမှာပဲ။

နေ့တိုင်း သင်နဲ့အချိန်ကုန်ဆုံးနေရတာကို သူသဘောကျတယ်။ ဘယ်သူမဆို ကိုယ်ချစ်သူခင်သူတွေနဲ့ အချိန်တွေအတူတူကုန်ဆုံးရတာကို သဘောမကျဘဲ နေမလဲ ? သူမသွားချင်တဲ့နေရာတွေတောင်
သင်နဲ့ဆို အတူလိုက်ပေးတယ်ဆိုရင် သေချာပြီ။ သင်နဲ့အတူရှိနေရတာကို သူပျော်တယ်။

သင်မသိအောင် အတူတူခရီးသွားဖို့ပြင်ဆင်ထားတာမျိုး၊ သင်တို့နှစ်ယောက်ရဲ့ ချစ်သူသက်တမ်းကို မမေ့တတ်ဘူးဆို သူသင့်အပေါ်တကယ်အလေးထားပါတယ်။ သင့်ရဲ့ပျော်ရွှင်မှုက သူ့ရဲ့ပျော်ရွှင်မှုပဲလေ။

သူ့မျက်လုံးထဲမှာတော့ သင်ကအလှဆုံးပဲ။ ဘယ်သူတွေ ဘယ်လိုပဲလှလှ၊ သူ့မျက်လုံးထဲမှာ သင့်ကိုပဲမြင်တယ်။ သင်ရဲ့အိမ်နေရေးပုံစံ၊ မိတ်ကပ်မပါတဲ့မျက်နှာကိုပဲ သူနှစ်သက်တယ်ဆို သင့်အပေါ်တကယ်ချစ်လို့ပါ။

တစ်ခုခုကို သူနဲ့ပတ်သတ်ပြီး သင်က စိတ်တို၊ သဝန်တိုရင် သူဒီတိုင်းမထားပါဘူး။ သင်စိတ်ထဲရှင်းသွားအောင် သူဖြေရှင်းချက်ပေးမှာပါ။ သင့်စိတ်ထဲသူနဲ့ပတ်သတ်ပြီး တနုံနုံခံစားနေရတာမျိုး သူမဖြစ်စေချင်ဘူး။ သင်တို့နှစ်ယောက်ဆံဆက်ရေးမှာ ဘာအဖုထစ်မှမရှိစေချင်ဘူး။ စိတ်ချမ်းသာစေချငတဲ့ စိတ်ဆန္ဒတစ်ခုပဲရှိတယ်ဆို သူသင့်ကိုဆုံးရှုံးရမှာကြောက်လို့ပါ။

5K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.