သရုပ်ဆောင်လုပ်ဦးမယ့် Slipknot ရဲ့အဆိုတော် Corey Taylor

corey_taylor.jpg

Slipknot နဲ့ Stone Sour အဆိုတော် Corey Taylor ဟာသူ့ရဲ့အနုပညာလှုပ်ရှားမှုနယ်ပယ်ကို ချဲ့ထွင်လိုက်ပါပြီ။ ဂီတသမား၊ စာရေးဆရာတစ်ယောက် ဖြစ်ရုံသာမကပဲ ယခုအခါ ‘Fear Clinic’ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်တော့မှာဖြစ်ပါတယ်။

ဒီရုပ်ရှင်မှာ A Nightmare On Elm Street ဇာတ်ကားရဲ့ သရုပ်ဆောင် Robert Englund လဲပါဝင်မှာဖြစ်ပါတယ်။ Englund ဟာစိတ်ခြောက်ခြားမှုဝေဒနာခံစားနေရတဲ့ လူနာတွေကိုကုသတဲ့ ဆရာဝန် Dr. Andover အဖြစ်သရုပ်ဆောင်မှာဖြစ်ပါတယ်။ ဒေါက်တာ Andover ဟာပုံမှန်မဟုတ်တဲ့ ကုသနည်းအသစ်တွေကို ဖန်တီးပြီးကုသနေတဲ့ ဆရာဝန်ဖြစ်ပါတယ်။

Corey Taylor ကတော့ အဲဒီ့ဆေးခန်းရဲ့အလုပ်သမားတစ်ယောက်နေရာမှာ သရုပ်ဆောင်ရမှာဖြစ်ပါတယ်။

ဒီရုပ်ရှင်ကို ၂၀၁၄ခုနှစ် Halloween ကာလ မှာစတင်ဖွင့်လှစ်ပြသမယ်လို့ စီစဉ်ထားပါတယ်။

Ref:loudwire

 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.