လူတိုင်း လှချင်ပေမယ့် စိတ်ရှိတိုင်း လူကလိုက်မလုပ်နိုင်တာကိုတွေ့ရတယ်။ ဝိတ်ချဖို့ စိတ်ကဆုံးဖြတ်ထားပေမယ့် အိပ်ချင်တာနဲ့ ၊ ပျင်းတာနဲ့ ၊ ဟိုဟာဒီဟာ စားချင်တာနဲ့၊ အလုပ်တွေရှုပ်နေတာနဲ့ အကြောင်းအမျိုးမျိုးနဲ့ ကိုယ့်ကိုယ်ကိုယ် ညှာနေကြတာပါ။ လူတစ်ယောက်က တစ်နေ့ကို တစ်နာရီလောက်တော့ အချိန်ပေးလေ့ကျင့်ခန်းလုပ်သင့်ပါတယ်။ ဒါမှ ခန္ဓာကိုယ်သွေးလည်ပတ်မှုပိုကောင်းပြီး ပေါ့ပါးနေမှာပေါ့။ အဓိက စိတ်ပါပဲ..စိတ်သာသေချာပိုင်းဖြတ်ပြီး ကိုယ့်ကိုယ်ကိုယ် သေချာtrain မယ်ဆို အချိန်တစ်ခုရောက်ရင် သင်လိုချင်တဲ့ ဘော်ဒီတစ်ခုကို ပိုင်ဆိုင်နိုင်မှာပဲ…။ ဒီတော့ ဝိတ်မချခင် အခုဖော်ပြမယ့်လူတွေရဲ့အရင်တုန်းက နဲ့အခုပုံတွေကို ယှဉ်ကြည့်ပါ။ သူတို့ရဲ့ပြောင်းလဲသွားပုံအဆင့်ဆင့်တွေက သင့်ကိုစိတ်ဓာတ်ခွန်အားပေးနိုင်မှာ အသေချာပါပဲ။
သူမရည်စားရဲ့တိုက်ခိုက် ဝေဖန်စကားတွေကို မခံနိုင်တော့လို့ ၆ဝကီလိုဂရမ် ဝိတ်ကျအောင်လုပ်ပြီး အခြားယောက်ျားတစ်ယောက်နဲ့လက်ထပ်ခဲ့တယ်
ကျန်းမာရေးအခြေအနေနဲ့ အနိုင်ကျင့်ခံရမှုတို့ကြောင့် ၂နှစ်အတွင်း ၆ဝကီလိုဂရမ်ကျအောင်လုပ်ခဲ့ပြီး ခုတော့ Fitness နည်းပြတစ်ယောက်ဖြစ်နေပါပြီ။
သူ့မှာ အဝလွန်တဲ့ပြဿနာရှိနေတာကြောင့် စားချင်စိတ်၊ အိပ်ချင်စိတ်တွေကိုချုပ်တည်းပြီး ၈၃ကီလိုဂရမ် ဝိတ်ချခဲ့တယ်။
မုန့်ပဲသရေစာနဲ့ ဆီကြော်စာတွေရှောင်ပြီး အပြင်းထန်ဆော့ခဲ့တာ တစ်နှစ်အတွင်း သူမရဲ့ရလဒ် …
၁၈၆ ကီလိုဂရမ်ကျသွားတာတဲ့…တော်တော်မိုက်သွားတယ်နော်
သူလည်း သူ့ရဲ့နေထိုင်မှုစနစ်ကိုပြောင်းလဲပြီး သူ့အိပ်မက်တွေကို လက်တွေ့အကောင်ထည်ဖော်ခဲ့တယ်။ အခုတော့ fitness နည်းပြတစ်ယောက်ဖြစ်နေပြီ
၁နှစ်ခွဲအတွင်း ၆၁ကီလိုဂရမ်ကျအောင် ကြိုးစားခဲ့တယ်.. အခုလည်း သူမရဲ့ဘော်ဒီဝိတ်ကိုထိန်းလာတာ ၃နှစ်ရှိပြီလို့သိရပါတယ်။