ကိုယ့်ချစ်သူက ဘယ်သူ့ကိုလိုက်ခ်ပေးတယ်၊ကောမန့်ပေးတယ်ဆိုတာကို သ၀န်တိုတတ်တဲ့ မိန်းကလေးတိုင်း သိချင်ကြတယ်မဟုတ်လား။ ကိုယ့်ချစ်သူအပေါ်ယုံကြည်မှုအပြည့်ပေးထားတဲ့ မိန်းကလေးတွေရှိသလို မယုံကြည်တာမဟုတ်ပဲ ကိုယ့်ချစ်သူဘာလုပ်တယ်၊ ဘယ်သူနဲ့စကားပြောတယ် ဆိုတာကို အမြဲသိချင်နေကြတဲ့မိန်းကလေးတွေလည်းရှိပါတယ်။
ကိုယ်ဘယ်သူ့ကိုလိုက်ခ်ပေးတယ် ၊ကောမန့်ပေးတယ်ဆိုတာကို ပြန်ကြည့်လို့ရပေမဲ့ ကိုယ့်ချစ်သူအကောင့်ကတော့ ပတ်စ်ဝေါ့မသိရင် သူဘယ်သူ့ကိုလိုက်ခ်ပေးတယ် ၊ကောမန့်ပေးတယ်ဆိုတာကိုမတွေ့နိုင်ပါဘူး။တစ်ခါတစ်လေ newsfeed မှာပေါ်လာတတ်တာက လွဲရင်ပေါ့။အဲ့ဒါကြောင့် နည်းလမ်းလေးတစ်ခုပြောပြချင်ပါတယ်။သိပြီးသားလည်းဖြစ်ချင်ဖြစ်မှာပါ။
မသိသေးတဲ့သူတွေအတွက်တော့ ဒီနည်းလမ်းလေးက အသုံးဝင်ပါလိမ့်မယ်။ ကိုယ့်ချစ်သူတင်မဟုတ်ပဲ သူငယ်ချင်းတွေလိုက်ခ်ပေးတာ ၊ကောမန့်ပေးတာကိုပါ မြင်တွေ့ရမှာပါ။သူတို့ကိုလည်းနောက်လို့ရတာပေါ့။ “နင်ဘယ်ကောင်မလေးကိုကောမန့်ပေးတာ၊ လိုက်ခ်ပေးတာ””ဘယ်ကောင်လေးကို ကောမန့်ပေးတာ၊လိုက်ခ်ပေးတာ”စသဖြင့်ပေါ့။
နည်းလမ်းလေးကလွယ်လွယ်လေးပါပဲ။ကိုယ့်ဖုန်းရဲ့ Search box မှာ ကိုယ်လိုက်ခ်ပေးထားတာသိချင်ရင် Photos like by me ၊Photos like by ကိုယ့်ချစ်သူနာမည် ၊Photos like by သူငယ်ချင်းနာမည် ရိုက်ထည့်လိုက်ရုံပါပဲ။ကောမန့်ပေးတာသိချင်ရင်လည်း Photos Commented by Me ၊ Photos Commented by ချစ်သူနာမည်၊ Photos Commented By သူငယ်ချင်းနာမည်ရိုက် ထည့်လိုက်ရုံပါပဲ။စမ်းကြည့်ကြနော်။ပြီးရင် အတွဲတွေ ရန်တော့မဖြစ်ကြနဲ့ 😛