သန်းပေါင်းများစွာသောလူတွေဟာ မနက်ခင်းတိုင်းကို ကော်ဖီပူပူလေးတစ်ခွက်နဲ့ အစပြုကြပါတယ်။ နိုင်ငံတိုင်းမှာတော့ သူ့ပုံစံနဲ့ သူ ကွဲပြားသွားတာတွေတော့ရှိတာပေါ့။ ကော်ဖီချစ်သူတွေအတွကလည်း အကြိုက်တွေ့စေမယ့် အခြားနိုင်ငံတွေက သူမတူကွဲပြားတဲ့ ကော်ဖီတွေကို ဖော်ပြပေးလိုက်ပါတယ်။အကုန်လုံး သောက်ချင်စရာလေးတွေချည်းပဲနော်.. !
Egg coffee (Vietnam)
အခြေခံပါဝင်တဲ့ ပစ္စည်းတွေက – ကြက်ဥအနှစ်၊ နို့ဆီ၊ သကြားနဲ့ ကော်ဖီပူဖြစ်ပါတယ်။
Lapland coffee (Finland)
ကော်ဖီမသောက်ခင် ခွက်ထဲက ချိစ်တုံးလေးကိုအရင်ဆုံးစားပါတယ်။နောက်မှ ကော်ဖီကိုဆက်သောက်ကြတယ်။
Espresso (Italy)
လီမွန်သီးလေး တစ်ချပ်ကို ခွက်ထဲထည့်ပေးထားတယ်။ ထိုလီမွန်ချပ်လေးကို ဇွန်းနဲ့ဖယ်ပြီးတော့မှ သောက်သုံးရပါတယ်။
Lagrima (Argentina)
နွားနို့ထဲ ကော်ဖီပြင်းအစက်အနည်းငယ်လောက်ပဲထည့်ထားတဲ့ ကော်ဖီဖြစ်ပါတယ်။ နို့ကော်ဖီလို့ ခေါ်ရင် ပိုမှန်မယ်။
Bonbon coffee (Spain)
သူက Espresso ဆိုပေမယ့် နို့ဆီလည်းပါတယ်။ နွားနို့လည်းပါတော့ သောက်လို့ပိုကောင်းတာပေါ့။
Spiced coffee (Morocco)
အမွေးကြိုင်အနည်းငယ် ရောစပ်ထားတဲ့ ကော်ဖီ။ နှမ်းစေ့ ၊ ငရုတ်ကောင်းမှုန့်၊ဇာတိပ္ဖိုလ်သီး တို့နဲ့ ကော်ဖီစေ့တို့ကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။ ပုံမှန်ကော်ဖီတော့မဟုတ်ပေမယ့် အပြင်းစား နဲ့ အမိုက်စားလို့ ဆိုကြတယ်။
Coffee with tea (Hong Kong)
ကော်ဖီနဲ့ လက်ဖက်ရည်ကိုရောစပ်လိုက်တော့ အရသာအရမ်းရှိတဲ့
ကော်ဖီတစ်ခွက်ကိုရပါတယ်။ လက်ဖက်မှုန့်၊ ငရုတ်ကောင်း ၊ နို့ဆီနဲ့
ကော်ဖီတို့ကို ရောစပ်ပြီး သောက်သုံးကြတယ်။