G-Dragon ရဲ့ ပရိသတ်တွေအပေါ် လွှမ်းမိုးနိုင်စွမ်းကတော်ရုံတန်ရုံမဟုတ်ပါဘူး။ G-Dragonဟာ ဖက်ရှင်ကင်းတစ်ယောက်လို့ပြောလို့ရသလို သူ့ရဲ့ ဖက်ရှင်တွေကလည်း လုံးဝအလန်းပါပဲ။သူက ဒီဇိုင်းတစ်မျိုးကိုကြိုက်တယ်ဆိုရင်သူ့ပရိသတ်တွေကလည်း အဲ့ဒီဒီဇိုင်းကိုလိုက်ကြိုက်ကြတဲ့အထိ လွှမ်းမိုးနိုင်ပါတယ်။
မကြာသေးခင်က အင်စတာဂရမ်မှာတင်ခဲ့တဲ့ခြေအိတ်ဟာလည်း သူ့ရဲ့ ပရိသတ်တွေကြားမှာ နာမည်ကြီးလာခဲ့ပါတယ်။အမည်းရောင်ခြေအိတ်ပေါ်မှာ ကိုရီးယားစာလုံးနဲ့ KeKeKe လို့ရေးသားထားတာပါ။ပရိသတ်တွေက အဲ့ဒီခြေအိတ်ဈေးနှုန်းကိုစုံစမ်းပြီးဝယ်ယူရလောက်တဲ့အထိ GD ကိုအရမ်းသဘောကျကြပါတယ်။
ခြေအိတ်ရဲ့ ဈေးနှုန်းကိုပရိသတ်တစ်ယောက်ကစုံစမ်းကြည့်တဲ့အခါကိုရီးယားဝမ်ငွေ ၁၉၀၀ ပဲရှိတယ်လို့သိရပါတယ်။အဲ့ဒီခြေအိတ်ဟာ အရောင်မျိုးစုံလာပြီး ပန်းပွင့်တွေနဲ့ စာလုံးပုံဖော်ပြီး ထိုးထားတာတွေ လည်းရှိပါတယ်။ပရိသတ်တွေကလည်း GD ဘာပဲလုပ်လုပ်၊ဘာပဲဝတ်ဝတ် အကုန်လိုက်ပြီးသဘောကျနေတာပါ။
မကြာသေးခင်ကလည်း ပုံတစ်ပုံကိုအင်စတာဂရမ်မှာတင်ခဲ့ရာမှ ဓာတ်ပုံက ပုံစံအသစ်ဖြစ်နေ တာကြောင့်သူ့ရဲ့ ပရိသတ်တွေက GD ဘယ်လို app သုံးပြီးရိုက်ထားတာလဲဆိုပြီးစုံစမ်းခဲ့ပါတယ်။ ပုံထဲမှာ ဓာတ်ပုံက အစင်းကြောင်းတွေနဲ့အရောင်နှစ်မျိုးဖြစ်နေတာကိုတွေ့ရမှာပါ။ပရိသတ်တွေက ကင်မရာအသစ်နဲ့ရိုက်ထားတာလို့ထင်ထားကြပေမဲ့ တကယ်တော့ GDက ကင်မရာအသစ်ကို သုံးထားတာမဟုတ်ပါဘူး။ သူ့ရဲ့ဖုန်းကအောက်ကိုလွှတ်ကျပြီးကင်မရာက ပျက်စီးသွားတာကြောင့် အခုလို အစင်းကြောင်းရာတွေ၊အရောင်နှစ်မျိုးတွေဖြစ်နေတာလို့ ပြောပြခဲ့ပါတယ်။ ပရိသတ်တစ်ချို့ကတော့ GD ရဲ့ ပုံတွေလိုမျိုးရအောင် ဘယ်သူကမှဖုန်းတွေကို ခွဲမပစ်ဖို့မျှော်လင့်ပါတယ်လို့ရယ်မောနောက်ပြောင်ထားပါသေးတယ်။