အချစ်ကြောင့် ပျော်ရွှင်ရတယ်ဆိုတာ လူတိုင်းသိပေမယ့် တကယ်တမ်းပျော်ရွှင်ရခြင်းရဲ့နောက်ကွယ်က အကြောင်းရင်းအချို့ကို သင်သိပါသလား? ဒါကြောင့် အချစ်နဲ့တွေ့ပြီးတဲ့လူတွေရဲ့ စိတ်နေစိတ်ထား ခန္ဓာကိုယ်ဓာတ်တွေထူးဆန်းစွာ ပြောင်းလဲလာပုံကို သိပံ္ပနည်းကျလက်တွေ့ပြထားတဲ့အချက်တွေ ကိုဝေမျှပေးလိုက်ပါတယ်။
အချစ်က နာကျင်မှုတွေကိုသက်သာစေနိုင်
၁ဝ -၂ဝ စက္ကန့်လောက် ပွေ့ဖက်ထားပေးခြင်းက အထူးသဖြင့် ခေါင်းကိုက်တာကို လျော့ကျစေပါတယ်။ သင်ချစ်သူနဲ့အတူရိုက်ထားတဲ့ပုံကို ကြည့်ရင်စိတ်ပျော်ရွှင်မှုရစေပြီး သည်းခံနိုင်ရည်တွေ ပိုမြှင့်တက်လာတယ်လို့ သိရပါတယ်။ အချစ်စိတ်ပြည့်နေရင် ဒဏ်ရာတွေရဲ့နာကျင်မှုဒဏ်ကိုတောင် မေ့လျော့နေတတ်ကြတယ်တဲ့။
နှလုံးအားကောင်းစေတယ်
အချစ်နဲ့တွေ့ရင် နှလုံးအားကောင်းလာပါတယ်။ ရင်ထဲမွန်းကြပ်နေတာတွေ၊ နှလုံးအောင့်တာတွေတောင် သက်သာစေတယ်တဲ့။ အချစ်ဟော်မုန်းဆိုတာ ကမ္ဘာမှာ အံ့သြဖို့အကောင်းဆုံး မော်လီကျုးတစ်ခုပါပဲ။ သွေဖိအားနည်းတာ ၊ စိတ်ဓာတ်ကျတာ၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအားနည်းနေတာတွေကို မြှင့်တင်ပေးနိုင်ပါတယ်။
အချစ်က အဖျားလည်းကျစေတယ်
အချစ်က ခန္ဓာကိုယ်နဲ့တိုက်ရိုက် သက်ဆိုင်ပါတယ်။ လက်ကိုင်တာ၊ ပခုံးဖက်တာ ၊ နမ်းရှုံ့တာတို့ကြောင့် ကိုယ်ခံအားစနစ်ကောင်းမွန်စေပါတယ်။ကိုယ်ခံအားစနစ်ကောင်းတဲ့အခါ တော်ရုံအဖျားဝင်လို့မရတော့ဘူးပေါ့။
နှစ်ခြိုက်စွာ အိပ်ပျော်
အချစ်ဟော်မုန်းတွေဖြစ်တဲ့ (oxytocin and endorphins) တို့က ကိုလက်စထရောဓာတ်တွေကို ဟန့်တားနိုင်ပြီး ခန္ဓာကိုယ်ကောင်းကောင်းအနားယူနိုင်အောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ အချစ်နဲ့တွေ့ပြီးတဲ့လူတစ်ယောက်က ညဆိုကောင်းကောင်းအိပ်ပျော်တယ်တဲ့။
အချစ်က အသက်ရှည်ဆေးတစ်ခွက်
အချစ်ပါတဲ့ အိမ်ထောင်ရေးတစ်ခုဟာ ပျော်ရွှင်စရာကောင်းပြီး ကျန်းမာစွာနဲ့ အသက်လည်းပိုရှည်တယ်လို့သိရပါတယ်။ (အစားကောင်းကောင်းစားနိုင်၊ သက်သာစွာ အနားယူနိုင်၊ စိတ်ဖိစီးမှု နည်း) စသဖြင့် အကျိုးများစွာရရှိပါတယ်။ အချစ်က အသက်ရှည်ကျန်းမာစွာနေထိုင်နိုင်အောင် စွမ်းဆောင်ပေးတယ်လို့ အချစ်စစ်နဲ့တွေ့ပြီးတဲ့လူတိုင်းက ဖွင့်ဟထားတယ်နော်။